Connect with us

Hi, what are you looking for?

News

ပြည်တွင်းမှခုခံ​တော်လှန်သူများကို ဂုဏ်ပြုကြောင်း၊ အတူရှိနေကြောင်း ဂျပန်ရောက်မြန်မာများလက်မှတ်​ရေးထိုးအား​ပေး

“ဂုဏ်ယူအား​ပေးပုံတူဓါး​သွေး​​နေပါတယ်”စာသားဗီနိုင်တွင် ဂျပန်​ရောက်မြန်မာများ ၊ဂျပန်နိုင်ငံသားအချို့နှင့်နိုင်ငံခြားသားများကပြည်တွင်းမှ PDFများ၊ LDF များ၊ ဆန္ဒပြပြည်သူများအတွက်စိတ်ခွန်အားဖြစ်ဖွယ် စာများ​ရေးသားလက်မှတ်​ရေးထိုးခဲ့ကြသည်။

ဓာတ်ပုံ - ကိုကောင်းဆက် (Spring Festival)

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုက​ရေစီစနစ်​ပေါ်​ပေါက်ရန်အတွက် အကြမ်းဖက်စစ်​ကောင်စီကိုခုခံ​​တော်လှန်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့(PDF) ဝင်များ၊​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်များ(LDF)၊မြို့ပြ​ပျောက်ကြားများ၊ ပုံစံမျိုးစုံဖြင့်ဆန္ဒထုတ်​ဖော်​နေ​သောဆန္ဒပြသူများအပါအဝင် ​​ပြည်တွင်းမှတော်လှန်​နေသူအားလုံးကို ​ကျေးဇူးတင်ရှိ​ကြောင်း၊ဂုဏ်ပြု​ကြောင်း၊အတည်ရပ်တည်​ကြောင်းပြသသည့်အ​နေဖြင့်ဂျပန်နိုင်ငံ​ရောက်မြန်မာများကလက်မှတ်​ရေးထိုးအား​ပေးခဲ့ကြသည်း

ယမန်​နေ့(ဒီဇင်ဘာ ၁၂)က လူထောင်​ချီတက်​ရောက်ခဲ့​သောဂျပန်နိုင်ငံတိုကျိုမြို့တွင်ပြုလုပ်​သောစစ်အာဏာရှင် ဖြုတ်ချ​ရေး ဆန္ဒပြပွဲတွင် ဦးမင်းကိုနိုင်၏”ဂုဏ်ယူအား​ပေးပုံတူဓါး​သွေး​​နေပါတယ်”စာသားဗီနိုင်တွင် ဂျပန်​ရောက်မြန်မာများ ၊ဂျပန်နိုင်ငံသားအချို့နှင့်နိုင်ငံခြားသားများကပြည်တွင်းမှ PDFများ၊ LDF များ၊ ဆန္ဒပြပြည်သူများအတွက်စိတ်ခွန်အားဖြစ်ဖွယ် စာများ​ရေးသားလက်မှတ်​ရေးထိုးခဲ့ကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။