Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ရေလက်ကြားကို တရုတ် လေယာဉ်တင်သင်္ဘော ဖြတ်သန်း ခုတ်မောင်း

ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းပြီး တရုတ် လေယာဉ်တင် သင်္ဘောက ခုတ်မောင်းခဲ့ကြောင်းနဲ့ အဲဒီ ခရီးစဉ်ကို အလေးအနက် စောင့်ကြည့်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဓာတ်ပုံ -Reuters

ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းပြီး တရုတ် လေယာဉ်တင် သင်္ဘောက ခုတ်မောင်းခဲ့ကြောင်းနဲ့ အဲဒီ ခရီးစဉ်ကို အလေးအနက် စောင့်ကြည့်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တရုတ် ရေတပ်ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောဖြစ်တဲ့ လျောင်နင်းဟာ ဧပြီ ၂၀ ရက်နေ့မှာ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းခဲ့တာလို့ သိရပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်ကြားက နိုင်ငံရေးအရ ထိလွယ်ရှလွယ် ရှိနိုင်တဲ့ ရေလမ်းကြောင်းမှာ တရုတ် လေယာဉ်တင် သင်္ဘောတစ်စီး ဖြတ်သန်းတာဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။

တရုတ်ဟာ ရေလက်ကြား တစ်ခုသာခြားပြီး တည်ရှိတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် ယူဆထားပြီး ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုကိုသာ လိုလားနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ ထိုင်ဝမ်တဝိုက်မှာ ရေတပ်၊ လေတပ် လှုပ်ရှားမှုတွေကို မြှင့်တင်ပြီး ခြိမ်းခြောက်မှုဆန်ဆန် ပိုမို အင်အားပြလာခဲ့ပါတယ်။

ဧပြီ ၂၀ ရက်နေ့က ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ခပ်တိုတို ထုတ်ပြန်ချက်မှာတော့ လျောင်နင်းဟာ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းသွားခဲ့ပြီး ထိုင်ဝမ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ အဲဒီရေယာဉ်ရဲ့ လမ်းကြောင်းတလျှောက်ကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ သင်္ဘောကြီးရဲ့ အဖြူအမည်း ဓာတ်ပုံတစ်ပုံကိုလည်း ထိုင်ဝမ်က ထုတ်ပြခဲ့ပြီး ကုန်းပတ်ပေါ်မှာ တိုက်လေယာဉ် တချို့နဲ့ ရဟတ်ယာဉ်တွေ ရပ်နားထားတာကို တွေ့ရပါတယ်။

ဧပြီ ၂၀ ညပိုင်းအချိန်ထိ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက လျောင်နင်းရဲ့ ထိုင်ဝမ်ရေလက်ကြား ဖြတ်သန်းမှုနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာ လလယ်တုန်းက တရုတ်ရဲ့ ခေတ်အမီဆုံးနဲ့ နည်းပညာ အမြင့်ဆုံး လေယာဉ်တင် သင်္ဘောဖြစ်တဲ့ ဖူကျန်းဟာ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းခဲ့ဖူးပါတယ်။ အဲဒီရေယာဉ်ဟာ ဒီဇင်ဘာ လဆန်းပိုင်းတုန်းက ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း သမုဒ္ဒရာထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

တရုတ်က ထိုင်ဝမ် ရေလက်ကြားကို ပိုင်နက်ရေပြင်အဖြစ် သတ်မှတ် ကြေညာထားပြီး ထိုင်ဝမ်ရော၊ အမေရိကန်ကပါ ပယ်ချထားပါတယ်။ အမေရိကန်က ထိုင်ဝမ် ရေလက်ကြားဟာ နိုင်ငံတကာ ရေလမ်းကြောင်း တစ်ခုသာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ပြီးတော့ တရုတ်ရဲ့ အင်အားပြ လွှမ်းမိုးမှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်နဲ့ အမေရိကန် မဟာမိတ် နိုင်ငံတွေဟာ အဲဒီ ရေလက်ကြားကို စစ်သင်္ဘောတွေ စေလွှတ်ပြီး ကင်းလှည့်ခုတ်မောင်းစေတာမျိုးကို လပိုင်းလောက်ခြားပြီး ပြုလုပ်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျပန် စစ်သင်္ဘောတစ်စီး ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းခဲ့တာနဲ့ ပတ်သက်လို့ အတိအလင်း ရန်စတဲ့ လုပ်ရပ်လို့ တရုတ်က စွပ်စွဲခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။