Connect with us

Hi, what are you looking for?

ကဗျာ

‘ညနှင့် စီးချင်းထိုးခြင်း’

◼️ချမ်းငြိမ်း

ဒဏ်ရာတွေကို ဆေးကြောဖို့
သွေးတွေကို ဖောက်ထုတ်ရင်း
ညတွင်းကြီးဆီ
သူတို့ ခုန်ဆင်းသွားကြတယ်။

ရောင်စဉ်တန်းတွေ လှိုက်ကနဲ
လကို ထိုးခွဲသွားတဲ့ ကျည်ဆန်ရှေ့မှာ
အသက်တချောင်းကို ဒိုင်းလုပ်
အမှောင်ကို ခုန်အုပ်လိုက်တယ်။

တောင်ပံတွေကို ဖြန့်ရင်း
မီးထဲတိုးဝင်သွားတဲ့ ပိုးဖလံလို
တစုံတရာ လှပဖို့
ကိုယ့်ကိုယ်ကို ပြာချလိုက်ပုံမျိုး။

Public Service Announcement

Public Service Announcement

ဒုန်းစိုင်းနေတဲ့ အဆုပ်နဲ့
ခြေရာပေါ်က ငုတ်လျှိုသွားတဲ့တောင်တန်းမှာ
ဝိဉာဉ်ဟာ ဓားတစင်းအဖြစ်
ညကို ခုတ်ပိုင်းပစ်လိုက်တယ်။

ခင်ဗျားတို့ မြင်လိုက်ကြလား
ဝိဉာဉ်ဓားသွားတလက်ရဲ့
တလက်လက်ထနေတဲ့ အသွားပေါ်က
ပြတ်ကျသွားတဲ့ “ည”ကိုလေ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ချမ်းငြိမ်း’ရေးဖွဲ့တဲ့ “ညနှင့် စီးချင်းထိုးခြင်း” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...