အောက်တိုဘာ ၂၈၊၂၀၂၆။သုည/Peoples Spring
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ (အောက်တိုဘာ ၂၈) ပြုလုပ်ခဲ့ပါတယ်။
ယင်းဆန္ဒထုတ်ဖော်ပွဲမှာ အတုအယောင်ရွေးကောက်ပွဲကတဆင့် တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေတဲ့ မြန်မာစစ်တပ်ကို အသိအမှတ်မပြုဖို့၊ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့နဲ့ ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ မယိမ်းမယိုင် ရပ်တည်ပေးဖို့ ဂျပန်ရောက်မြန်မာတွေက တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ သဘောထားကို ထင်ဟပ်ဖော်ပြထားတဲ့ စာတွေကို ဂျပန်ရောက်မြန်မာတွေက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ခဲ့ပါတယ်။

Public Service Announcement
ဓာတ်ပုံ – NUG Support Team Japan




















































