Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လက်အောက်ခံ PNOပြည်သူ့စစ်တွေ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးငယ် ၂ဦးနာရေး ရွာလုံးကျွတ် လိုက်ပါပို့ဆောင်

အာဏာသိမ်း စစ်တပ်လက်အောက်ခံ PNO/PNA ပြည်သူ့စစ်တွေ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးငယ် ၂ဦးရဲ့ နာရေးကို ဒီကနေ့ အောက်တိုဘာ ၂၈ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံနဲ့ ဖြစ်စဉ်အကြောင်း သိရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ - ပေးပို့

အောက်တိုဘာ-၂၈၊၂၀၂၆။ဇော်၀င်း/People’s Spring

အာဏာသိမ်း စစ်တပ်လက်အောက်ခံ PNO/PNA ပြည်သူ့စစ်တွေ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးငယ် ၂ဦးရဲ့ နာရေးကို ဒီကနေ့ အောက်တိုဘာ ၂၈ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံနဲ့ ဖြစ်စဉ်အကြောင်း သိရှိသူတွေက ပြောပါတယ်။

အဲဒီနာရေးနဲ့ပတ်သက်လို့ PNO ဘက်က တောင်းပန်စာမပို့တဲ့အပြင် ရွာခံတွေအနေနဲ့ သတင်းမဖြန့်ဖို့ သတိပေးခြိမ်းခြောက်ထားတာတွေရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၆ ရက် မနက်အစောပိုင်းမှာ တောင်ကြီးမြို့နယ် နန်းဟောင်းကျေးရွာအုပ်စု ရေသပြေစစ်ရေးဂိတ်က PNO တပ်ဖွဲ့ဝင် ခွန်ကျော်သူရမင်း နဲ့ ခွန်ညွှန့်ဝင်းတို့ဟာ ရန်ဖြစ်ပြီး ညွန့်ဝင်းကို ပစ်သတ်ကာ နောက်ထပ် PNO ၂ဦးနဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့မှာပဲ ကောင်းမှုစဉ်ကျေးရွာက အသက်(၁၉)နှစ်အရွယ် နန်းအောင်ပေါ် နဲ့ (၁၅)နှစ်အရွယ် နန်းဟွမ်နိုး တို့က ရွာမြောက်ဘက် လယ်ကိုသွားချိန်မှာ ထွက်ပြေးလာတဲ့ PNO ၃ဦးက ဖမ်းဆီးခဲ့တာလို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံ ပအိုဝ်းလူငယ်တစ်ဦးက ပြောပါတယ်။

“နန်းအောင်ပေါ်ကို ဝိုင်းမုဒိမ်းကျင့်ပြီး သေနတ်ပြောင်းကို ငုံခိုင်းကာ ပစ်သတ်တယ်။နန်းဟွမ်နိုး က ထွက်ပြေးဖို့လုပ်လို့ နဖူးကနေ တေ့ပစ်ပြီး အသတ်ခံရတယ်”လို့ သူက ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၂၈ ရက်)မှာ လုပ်တဲ့ နာရေးကို ရွာလုံးကျွတ်လိုက်ပါပို့ဆောင်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

“ထွက်ပြေးလာတဲ့ PNOတပ်သားက လုပ်သွားတာဗျ။ အဲ့ဘက်မှာရှိတဲ့လူတွေတော့ လောဆယ်ထုတ်ပြောရဲကြမှာမဟုတ်သေးဘူး”လို့ ကောင်းမှုစဉ်ရွာအနီး ၀န်းကျင်က ဒေသခံတစ်ဦးက ပြောပါတယ်။

ထွက်ပြေးတဲ့ PNO စစ်သား ၂ဦးအနက် ခွန်ကျော်သူရမင်းကို PNO က သတ်ပစ်ခဲ့ပြီး ၁ဦးကို ဖမ်းဆီးကာ နောက် ၁ဦးက လွတ်မြောက်နေဆဲလို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ PNO ပြန်ကြားရေးဖုန်းနံပါတ်ကို လူထုနွေဦးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

PNO ဟာ ၂၀၂၂ နောက်ပိုင်းကစပြီး စစ်တပ်ထံက လက်နက်တွေရယူပြီး ဒေသတွင်း တပ်သားသစ် အဓမ္မ စုဆောင်းခဲ့ပါတယ်။

PNO ကိုဦးအောင်ခမ်းထီး ဦးဆောင်ကာ ၁၉၉၁ကစပြီး စစ်တပ်နဲ့အပစ်ရပ်ပြီးနောက် ရှမ်းပြည်တောင်ပိုင်းမှာ အထူးဒေသအဖွဲ့(၆)အဖြစ် စစ်တပ်က သတ်မှတ်ပေးခဲ့ပါတယ်။

အခုနောက်ပိုင်း ခရိုနီလုပ်ငန်းရှင် နေဝင်းထွန်းက PNA ဒုတိယရာထူးအကြီးဆုံးဖြစ်လာပြီး စစ်တပ်အလိုကျ ပိုမိုပူး‌ပေါင်းမှုတွေလုပ်လာတယ်လို့ ဒေသတွင်းစစ်ရေးရင်းမြစ်တွေကပြောပါတယ်။

၂၀၂၃က ကရင်နီပြည်နယ်ရဲ့ ၁၁၁၁ စစ်ဆင်ရေးအပြီး တပ်ပျက်နေတဲ့ စစ်တပ် တပ်ရင်းတွေကို PNOက သူရဲ့ နယ်မြေအတွင်း လက်ခံကာ ကရင်နီပြည်အတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့စစ်ကြောင်းထိုးချိန်မှာ စစ်ကူတိုက်ပေးခဲ့ပါတယ်။

လက်ရှိမှာလည်း ရှမ်း-ကရင်နီ အစပ် ညောင်ရွှေ နဲ့ ဖယ်ခုံ ဒေသတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ အတူ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေပြီး ပြည်သူ့နေအိမ်တွေကို ဖျက်ဆီးမှုတွေရှိနေတယ်လို့ ရှမ်းတောင်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တပ်တောင်မြို့မှာ စိတ်ကျန်းမာရေးမကောင်း၊ စကားမပြောတတ်တဲ့ အမျိုးသမီး ၁ဦးကို ဒေသခံအမျိုးသား ၁ဦးက အဓမ္မပြုကျင့်မှုဖြစ်သူ အောင်သန်းရွှေကို အာရက္ခတပ်တော်(AA)လက်အောက်ခံ ရဲတပ်ဖွဲ့(DLEPS)က ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်​ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံ​တွေက​ပြောပါတယ် ။

သတင်း

ကျူးလွန်သူ နှစ်ဦးကို ရဲက ဖမ်းပြီး မုဒိန်းမှုနဲ့ အမှုဖွင့်ထား

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။