Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန် ကင်းထောက်လေယာဉ်ကို အန္တရာယ် ရှိလောက်အောင် ရုရှားတိုက်လေယာဉ်တွေ နှောင့်ယှက်ခဲ့

ဗြိတိန်ရဲ့ ကင်းထောက် လေယာဉ် တစ်စီးကို ရုရှား တိုက်လေယာဉ်တွေက အန္တရာယ် ရှိလောက်အောင် နီးနီးကပ်ကပ် ချဉ်းကပ်ပြီး နှောင့်ယှက်ခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ဗြိတိန်ရဲ့ ကင်းထောက် လေယာဉ် တစ်စီးကို ရုရှား တိုက်လေယာဉ်တွေက အန္တရာယ် ရှိလောက်အောင် နီးနီးကပ်ကပ် ချဉ်းကပ်ပြီး နှောင့်ယှက်ခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဗြိတိန် တော်ဝင်လေတပ် (RAF)ရဲ့ လက်နက် တပ်ဆင်မထားတဲ့ ကင်းထောက်လေယာဉ်ဟာ ပြီးခဲ့တဲ့ လတုန်းက ပင်လယ်နက် ရေပြင်အထက်မှာ ရုရှား တိုက်လေယာဉ် နှစ်စီးရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတာလို့ ဆိုပါတယ်။

RC-135 Rivet Joint လေယာဉ်ဟာ ပင်လယ်နက် ကောင်းကင်ယံမှာ ပျံသန်းနေချိန် ရုရှားရဲ့ Su-35 တိုက်လေယာဉ် တစ်စီးက အလွန်အကျွံ နီးကပ်အောင် ချဉ်းကပ်လာတာကြောင့် RC-135ရဲ့ အရေးပေါ် တုံ့ပြန်စနစ်တွေ အသက်ဝင်ပြီး autopilotနဲ့ ပျံသန်းနေမှုကို ပိတ်လိုက်တာမျိုး ဖြစ်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် Su-27 တိုက်လေယာဉ် တစ်စီးကလည်း ဗြိတိန် လေယာဉ်ရှေ့ကနေ ခြောက်ခေါက်လောက် ပိတ်ဆို့ ပျံသန်းခဲ့သလို တစ်ကြိမ်မှာဆိုရင် လေယာဉ်နှစ်စီးကြား ပေ ၂၀ လောက်သာ ကွာတဲ့ထိ နီးကပ်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား လေယာဉ်မှူးတွေရဲ့ လက်ခံနိုင်စရာ မရှိတဲ့ ရန်စမှုမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပရော်ဖက်ရှင်နယ် အဆန်ဆုံး ကိုင်တွယ်ခဲ့တဲ့ RC-135 လေယာဉ်မှူးတွေကို ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟေလီက ချီးကျူးခဲ့ပါတယ်။ အခုဖြစ်ရပ်ဟာ ၂၀၂၂ နောက်ပိုင်း ရုရှားရဲ့ အန္တရာယ် အများဆုံး နှောင့်ယှက် ပျံသန်းမှု ဖြစ်လာတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီတုန်းကလည်း RC-135 တစ်စီးကို ရုရှား တိုက်လေယာဉ် တစ်စီးက ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့ပြီး ပထမ တစ်စင်းက လွဲချော်သွားသလို ဒုတိယ တစ်စင်းကတော့ ချွတ်ယွင်းပြီး ပင်လယ်ထဲ ပျက်ကျသွားခဲ့တာပါ။ အဲဒီ ဖြစ်စဉ်ဟာ ရုရှား မြေပြင် အခြေစိုက် စခန်းနဲ့ Su-27 တိုက်လေယာဉ်မှူးကြား သတင်းစကား ပေးပို့မှုတွေမှာ နားလည်မှု လွဲရာက ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။ ရုရှားကတော့ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် တစ်ခုကြောင့်လို့ ဖြေရှင်းခဲ့ပါတယ်။

RC-135တွေဟာ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ဥရောပ အရှေ့ခြမ်း နယ်မြေတွေကို ကူညီကာကွယ်ရေး မစ်ရှင်အတွက် ပုံမှန် ကင်းလှည့်ပျံသန်းလေ့ရှိကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ရုရှား တိုက်လေယာဉ် နှစ်စီးက RAF ကင်းထောက်လေယာဉ်ကို နှောင့်ယှက်ခဲ့တာဟာ ရုရှား တိုက်လေယာဉ်မှူးတွေရဲ့ အန္တရာယ်များပြီး လက်ခံနိုင်စရာမရှိတဲ့ ညာဉ်ဆိုးကို မြင်သာစေတဲ့ နောက်ထပ် ဥပမာ တစ်ခုလို့ ဟေလီက စွပ်စွဲခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုရှားသံရုံးဆီ အသိပေး ကန့်ကွက်ခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန် ကုမ္ပဏီ Boeingက ထုတ်လုပ်တဲ့ RC-135တွေဟာ ခေတ်မီ အာရုံခံ စနစ်တွေ တပ်ဆင်ထားပြီး ကင်းလှည့်ပျံသန်းတဲ့ ဇုန်က လျှပ်စစ်သံလိုက် လှိုင်းတွေကို ကြားဖြတ်ဖမ်းယူတာ၊ ခွဲခြမ်းစိတ်ဖြာတာတွေ လုပ်ဆောင်နိုင်သလို အချိန်နဲ့ တပြေးညီ မဟာဗျူဟာမြောက် ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ထောက်ပံ့ပေးနိုင်ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။