Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံး ၉၀ ထိ မြင့်တက်လာ

တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုမှာ သေဆုံးသူ ဦးရေဟာ အယောက် ၉၀ ထိ ရှိလာပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုမှာ သေဆုံးသူ ဦးရေဟာ အယောက် ၉၀ ထိ ရှိလာပြီ ဖြစ်ပါတယ်။

မေလ ၂၂ ရက် ညပိုင်းက ရှန်စီးပြည်နယ်ထဲက လျိုရှန်းယု ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် ၈ ဦးထက်မနည်း သေဆုံးပြီး မြေအောက်မှာ ၄၀ နီးပါး ပိတ်မိနေတယ်လို့ တရုတ် အာဏာပိုင်တွေက မေလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ မေလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ သေဆုံးစာရင်းဟာ ၉၀ ထက်မနည်း ရှိလာသလို ပျောက်ဆုံးနေသူ အနည်းဆုံး ၉ ဦးကျန်နေသေးတယ်လို့လည်း သိရှိလာရပါတယ်။ ဒါဟာ ဆယ်စုနှစ် တစ်ခုကျော် ကာလအတွင်း တရုတ်မှာ အသေအပျောက် အများဆုံး ကျောက်မီးသွေး မိုင်းတွင်း မတော်တဆမှု အဖြစ်လည်း မှတ်တမ်းဝင်လာစေခဲ့ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားချိန်က ကျောက်မီးသွေး တွင်းထဲမှာ ပိတ်မိနေခဲ့သူ ၂၄၇ ဦး ရှိခဲ့ပြီး အများစုကိုတော့ ကယ်ထုတ်နိုင်ခဲ့ပြီးပြီလို့ တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။ ပျောက်ဆုံးနေသူ ၉ ဦးက အသက်ရှင်နေသလား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

Public Service Announcement

Public Service Announcement

ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု အပြီးမှာတော့ အဲဒီနေရာမှာ အရောင်အဆင်း ကင်းမဲ့ပေမယ့် အဆိပ်အတောက် အရမ်းပြင်းတဲ့ ကာဘွန်မိုနော့ဆိုက် ဓာတ်ငွေ့တွေ ပျံ့နှံ့နေတယ်လို့ ယုံကြည်ရပါတယ်။

People’s Daily သတင်းဌာနက မေလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းထိ အခြေအနေအရ မိုင်းတွင်းထဲကနေ လူပေါင်း ၁၅၆ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ မီးသတ်တွေ၊ ဆေးဝန်ထမ်းတွေ၊ ရဲအရာရှိတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ စုစုပေါင်း ၈၇၀ လောက်ဟာ ပျောက်ဆုံးနေသူတွေကို အပူတပြင်း ရှာဖွေနေကြောင်း ဖော်ပြခဲ့ပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်က ကယ်ဆယ်ရေးနဲ့ ဒဏ်ရာရထားသူတွေကို ကူညီကုသပေးရေးမှာ ဖြစ်နိုင်သမျှ ရင်းမြစ်အားလုံးကို ပုံအော အသုံးချဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။

ကျောက်မီးသွေး မိုင်းတွင်းကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီရဲ့ အမှုဆောင် တချို့ကိုလည်း ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရပါတယ်။

တရုတ်ရဲ့ သတ္တုနဲ့ ကျောက်မီးသွေး မိုင်းတွင်းတွေမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လုံခြုံရေး စံနှုန်းတွေ သိသိသာသာ တိုးတက်လာပေမယ့် ဆိုးရွားတဲ့ မတော်တဆမှုတွေကတော့ ဆက်ပြီး ဖြစ်ပွားနေဆဲပါ။ ရှန်စီးဟာ တရုတ်ရဲ့ အဆင်းရဲဆုံး ပြည်နယ် တစ်ခု ဖြစ်ပါတယ်။

အမျိုးသား သတ္တုတွင်း လုံခြုံရေး စီမံခန့်ခွဲမှု ဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၁၀ ကနေ ၂၀၂၅ ခုနှစ်ထိ အတောအတွင်း တရုတ်မှာ မိုင်းတွင်း မတော်တဆမှု ၃၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

တရုတ်ဟာ ကမ္ဘာပေါ်မှာ ကျောက်မီးသွေး သုံးစွဲမှု အများဆုံးနဲ့ လေထုကို ပူနွေးစေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ တစ်ဖက်မှာတော့ တရုတ် အစိုးရဟာ ပြန်ပြည့်မြဲနဲ့ သန့်စင်စွမ်းအင် သုံးစွဲမှုတွေတွေကို တိုးမြှင့်နိုင်ဖို့ စီမံကိန်းတွေ ချမှတ်ပြီး အရှိန်အဟုန်နဲ့ ကြိုးစားနေပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook