Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြေစာပုံပြိုကျမှုထိခိုက်သူ ၃ဦးကယ်တင်နိုင်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၂၄ရက် နေ့လယ်ပိုင်းမှာ ရေမဆေးကျောက်ရှာသူတွေရှိနေတဲ့ မြေစာပုံပြိုကျပြီး ရေမဆေးသမား သုံးဦး ဒဏ်ရာရသွားပါတယ်။

(မြေစာပုံပြိုကျမှုကြောင့် ထိခိုက်သူတွေကို ကယ်ထုတ်လာစဉ်။ ဓာတ်ပုံ - Screengrab)

မေ-၂၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၂၄ရက် နေ့လယ်ပိုင်းမှာ ရေမဆေးကျောက်ရှာသူတွေရှိနေတဲ့ မြေစာပုံပြိုကျပြီး ရေမဆေးသမား သုံးဦး ဒဏ်ရာရသွားပါတယ်။

ဘဇံချောင်တောင်ကြောလို့ လူသိများတဲ့‌နေရာမှာ ‌နေ့လယ် ၁၂နာရီခန့် ပေ ၁၀၀ခန့် မြင့်‌တဲ့ မြေစာပုံ ပြိုကျတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီပတ်ဝန်းကျင်မှာ ရေမဆေးကျောက်ရှာသူ ၅၀ဦးထက်မနည်း ရှိပေမယ့် ၃ဦး မြေပိပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” ဆက်မပြိုတာရယ်၊ ဘေးလူတွေ ဝိုင်းကယ်ကြတာရယ်ကြောင့် ဆွဲထုတ်နိုင်တာ။ ဒဏ်ရာတော့ ရတယ်။ ဆေးခန်းပို့လိုက်ရတယ်”လို့ ရေမဆေးကျောက်ရှာသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ရက်ညနေပိုင်းကလည်း ဖားကန့်မြို့နယ်၊ မှော်စီဆာကျေးရွာက ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တစ်ခု ပြိုကျပြီး လူတချို့နဲ့ စက်ယန္တရားတွေ မြေပိသွားခဲ့ပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်နဲ့ KIA၊KPDF စစ်ရေးတင်းမာ‌နေပြီး ‌ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ မိုင်းပေါက်ကွဲမှုတွေ ရှိ‌နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။