Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်မှာ ရေတပ်ရဟတ်ယာဉ် ပျက်ကျပြီး ၃ ဦးသေဆုံး

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - PA

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။

ဒီဗွန်မှာရှိတဲ့ ကွင်းပြင် တစ်ခုကို ရဟတ်ယာဉ် ပျက်ကျသွားတဲ့နောက် မီးသတ်နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက အပူတပြင်း သွားရောက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ရေတပ်က ရဟတ်ယာဉ်ပေါ် ပါသွားသူ အမှုထမ်း ၃ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေဆီ အသိပေးထားပြီး အဲဒီနောက် အချိန်တစ်ခု ကြာမှသာ အသေးစိတ် အချက်အလက် အသစ်တွေကို ထုတ်ပြန်ဖြစ်မယ်လို့လည်း ရေတပ်က ပြောပါတယ်။

ရေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာဂွန်းဂျန်ကင်စ်က ဒီသတင်းကြောင့် ရေတပ် အသိုက်အဝန်း တစ်ခုလုံး အထူးတုန်လှုပ်သွားမယ်ဆိုတာ နားလည်ကြောင်း၊ ဖြစ်ရပ်ဆိုးမှာ ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုဝင်တွေ၊ ကွယ်လွန်သူတွေရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲမိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်တဲ့ နေရာက ဓာတ်ပုံတွေမှာတော့ Merlin Mk4 ရဟတ်ယာဉ်ဟာ လုံးဝဥဿုံ အပိုင်းပိုင်းကြေပြီး ပျက်စီးနေတာကို တွေ့ခဲ့ရပါတယ်။ အခု ပျက်ကျမှု ဖြစ်ပွားတဲ့ ဒတ်မော မြောက်ပိုင်း ဧရိယာမှာ စစ်ဘက် ရဟတ်ယာဉ်တွေ ပုံမှန် လေ့ကျင့် ပျံသန်းလေ့ ရှိပါတယ်။

ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ Merlin ကုမ္ပဏီရဲ့ Mk2နဲ့ Mk4 ရဟတ်ယာဉ်တွေကို ဗြိတိန် တော်ဝင်ရေတပ်မှာတော့ ရေငုပ်သင်္ဘောတွေကို ရှာဖွေ အမဲလိုက်တာမျိုး စစ်ရေး မစ်ရှင်တွေ၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ကင်းလှည့်ပျံသန်းမှု မစ်ရှင်တွေအတွက် အသုံးပြုနေပါတယ်။

ရဟတ်ယာဉ် ပျက်ကျတဲ့ နေရာနားက အဝေးပြေး လမ်းမကိုလည်း ယာယီပိတ်ခဲ့ပြီး နာရီပိုင်းလောက် အကြာမှ ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။