Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Harrier တိုက်လေယာဉ်တွေကို အမေရိကန် မရိန်းတပ်ဖွဲ့ တရားဝင် အနားပေး

အမေရိကန်ရဲ့ မရိန်းတပ်ဖွဲ့ဟာ နောက်ဆုံးလက်ကျန် AV-8B Harrier II တိုက်လေယာဉ်တွေကို တရားဝင် အနားပေးလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - US Marine Corps

အမေရိကန်ရဲ့ မရိန်းတပ်ဖွဲ့ဟာ နောက်ဆုံးလက်ကျန် AV-8B Harrier II တိုက်လေယာဉ်တွေကို တရားဝင် အနားပေးလိုက်ပြီ ဖြစ်ပါတယ်။

Harrierတွေဟာ ပြေးလမ်းမလိုဘဲ ထောင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ကြောင်း တစ်ခေတ်တစ်ခါက အထူးကျော်ကြားခဲ့တဲ့ တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန် မရိန်းတပ်ဖွဲ့အတွက်လည်း နှစ်အတော်ကြာအောင် အမှုထမ်းခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့မှာတော့ တိုက်လေယာဉ်တွေကို အပြီးတိုင် အနားပေးတဲ့အခါ ပြုလုပ်လေ့ရှိတဲ့ နေဝင်ချိန်မှာ နေဆီကို ဦးတည်ပျံသန်းတဲ့ အခမ်းအနားကို နယူးယောက်မှာရှိတဲ့ Cherry Point မရိန်းတပ်ဖွဲ့ လေတပ်စခန်းမှာ ကျင်းပခဲ့ပါတယ်။ မရိန်းတပ်ဖွဲ့ရဲ့ နောက်ဆုံးလက်ကျန် Harrier လေယာဉ်အုပ်စုရဲ့ နှုတ်ဆက် ပျံသန်းမှုကို လူပေါင်း ၅၀၀၀ ကျော်လောက်က အားပေး ကြည့်ရှုခဲ့ကြပါတယ်။

Harrierတွေဟာ အမေရိကန် မရိန်းတပ်ဖွဲ့မှာ စုစုပေါင်း ၅၅ နှစ်ကြာ အမှုထမ်းခဲ့ပါတယ်။ အဲဒီ တိုက်လေယာဉ်တွေဟာ အားသာချက်တွေရော၊ စွမ်းဆောင်ရည်ပိုင်း ကန့်သတ်ချက်တွေပါ ရှိခဲ့ပါတယ်။ သီးသန့်ပြေးလမ်း မလိုတဲ့အတွက် စစ်သင်္ဘောတွေပေါ်ကနေ အတက်အဆင်း လုပ်နိုင်တာမျိုး၊ ပုံမှန်ပြေးလမ်း လိုအပ်တဲ့ တိုက်လေယာဉ်တွေနဲ့ယှဉ်ရင် စစ်မြေပြင်နဲ့ ပိုပြီး နီးနီးကပ်ကပ် အခြေစိုက်နိုင်တာမျိုး အားသာချက်တွေလည်း ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Harrierတွေကို နောက်ဆုံးပျံသန်းခဲ့တဲ့ မရိန်း တိုက်ခိုက်ရေး လေယာဉ်အုပ် အမှတ် ၂၂၃ ဟာ ကာရေဘီယန် ပင်လယ်ပြင်မှာ အမေရိကန် ရေတပ်ရဲ့ စစ်အင်အား စုဖွဲ့ဖြန့်ကျက်မှု မစ်ရှင်မှာ ပါဝင်ခဲ့ပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ရင်တော့ Harrierတွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အရှေ့အလယ်ပိုင်း ဒေသမှာ ဆင်နွှဲခဲ့တဲ့ Desert Shieldနဲ့ Desert Strom စစ်ဆင်ရေးတွေ၊ ၁၉၉၉ တုန်းက ယူဂိုဆလားဗီးယားမှာ ဆင်နွှဲခဲ့တဲ့ NATO မဟာမိတ်အဖွဲ့ရဲ့ စစ်ရေးမစ်ရှင်တွေ၊ အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေ၊ ၂၀၁၁ ခုနှစ် လစ်ဗျား စစ်ပွဲ၊ ၂၀၁၅ နောက်ပိုင်းတုန်းက အီရတ်နဲ့ ဆီးရီးယားမှာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့ကို ဖြိုခွင်းခဲ့တဲ့ စစ်ပွဲ၊ ၂၀၂၃ ခုနှစ်တုန်းက အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်အခြေစိုက် ဟိုသီ အင်အားစုတွေနဲ့ ပင်လယ်နီမှာ ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခ၊ မနှစ်တုန်းက ကာရေဘီယန် ပင်လယ်မှာ လုပ်ဆောင်ခဲ့တဲ့ စစ်အင်အား ဖြန့်ကျက်မှုတွေမှာ ပါဝင်ခဲ့ပါတယ်။

မရိန်းတပ်ဖွဲ့ဟာ Harrier လေယာဉ်အစီးရေ အများဆုံး ပိုင်ဆိုင်ခဲ့တဲ့ ကာလတစ်ခုမှာဆိုရင် စုစုပေါင်း လေယာဉ် ၂၈၀ ထိ အသုံးပြုခဲ့ဖူးပါတယ်။ အမေရိကန်ရဲ့ လက်နက်ကိုင် တပ်တွေထဲမှာတော့ မရိန်းတပ်ဖွဲ့ဟာ Harrierတွေကို အသုံးပြုခဲ့တဲ့ တစ်ခုတည်းသော ယူနစ်ဖြစ်ပါတယ်။ အမေရိကန် ရေတပ်ဟာ Harrierတွေ အခြေစိုက်နိုင်မယ့် ပလက်ဖောင်းအဖြစ် သင်္ဘောတွေကို ပံ့ပိုးစီစဉ်ပေးခဲ့ပေမယ့် ရေတပ် လေယာဉ်မှူးတွေကတော့ Harrierတွေကို လုံးဝ ကိုင်တွယ် မောင်းနှင်တာမျိုး မရှိခဲ့ပါဘူး။ ပြီးတော့ လေတပ်နဲ့ ကြည်းတပ်တို့ကလည်း အသုံးမပြုခဲ့ပါဘူး။

အခုအခါမှာတော့ မရိန်းတပ်ဖွဲ့ဟာ Harrierတွေလိုပဲ ထောင်လိုက် အတက်အဆင်း လုပ်နိုင်ပြီး ပြေးလမ်းမလိုတဲ့၊ နည်းပညာပိုင်းမှာတော့ အလွန်အကျွံ ထူးကဲသာလွန်တဲ့ နောက်ဆုံးမျိုးဆက် F-35B တိုက်လေယာဉ်တွေကို အစားထိုး အသုံးပြုနေပါပြီ။

အမေရိကန်မှာ Harrierတွေကို အနားပေးလိုက်ပေမယ့် အီတလီနဲ့ စပိန်တို့ အပါအဝင် NATO အဖွဲ့ဝင် နိုင်ငံတချို့ရဲ့ စစ်တပ်တွေမှာတော့ ဆက်လက် သုံးစွဲနေဆဲလို့လည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။