Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့ ဒီမိုကရေစီအရေးအတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေပြသဖို့အမေရိကန်ကိုBRI တိုက်တွန်း

မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ ပိုပြီး ထိရောက် အားကောင်းတဲ့ လက်တွေ့ လုပ်ဆောင်မှုတွေ ပြသပေးဖို့ အမေရိကန်အစိုးရကို Burma Research Institute (BRI)ကတိုက်တွန်းလိုက်ပါတယ်။

(အ​မေရီကန်နိုင်ငံခြား​ရေးဝန်ကြီး မာကိုရူဘီရို။ ဓါတ်ပုံ-AP)

ဇွန်-၅၊၂၀၂၆။People’s Spring

မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ ပိုပြီး ထိရောက် အားကောင်းတဲ့ လက်တွေ့ လုပ်ဆောင်မှုတွေ ပြသပေးဖို့ အမေရိကန်အစိုးရကို Burma Research Institute (BRI)ကတိုက်တွန်းလိုက်ပါတယ်။

ဇွန်လ ၃ ရက်နေ့တုန်းက အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နဲလ်က မြန်မာ့ ဒီမိုကရေစီရေးကို အကူအညီပေးဖို့ရည်ရွယ်ထားတဲ့ဘားမားအက်ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်းရန်ပုံငွေတွေ ထောက်ပံ့ဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကို မေးခွန်းထုတ်ခဲ့ပါတယ်။ ပြီးတော့မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ အမေရိကန်ရဲ့ အားပေး ထောက်ခံမှု လျော့ကျလာသလားဆိုတဲ့ သူ့ရဲ့ စိုးရိမ်စိတ်ကိုလည်း အသိပေးခဲ့ပါတယ်။

ရူဘီရိုကမြန်မာနိုင်ငံမှာတရုတ်ကကျောထောက်နောက်ခံ ပေးထားတဲ့ စစ်တပ် အုပ်ချုပ်နေတဲ့အစား အရပ်သား ဒီမိုကရေစီ အစိုးရတစ်ရပ် အာဏာရလာတာကို ပိုမိုလိုလားကြောင်း၊ အမေရိကန် အစိုးရဟာ မြန်မာ့ အနာဂတ်ကို ပုံဖော် ပြောင်းလဲနိုင်မယ့် ဒီမိုကရေစီ မိတ်ဖက်တွေကို ရှာဖွေနေကြောင်း တုံ့ပြန် ဖြေကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

BRIရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ဇိုတွမ်မှုန်ကတော့ မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ နှစ်ရှည်လများ တက်တက်ကြွကြွ အာရုံစိုက်ထားပေးခဲ့တဲ့ မစ်ချ်ကော်နဲလ်ကို ကျေးဇူးတင်ကြောင်း၊ ပြီးတော့ မြန်မာ့ ဒီမိုကရေစီကို အမေရိကန် အစိုးရ ဆက်လက် အားပေး ထောက်ခံနေမယ်ဆိုတဲ့ ရူဘီရိုရဲ့ သဘောထားကိုလည်း ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သူကအမေရိကန် အစိုးရ အနေနဲ့ စကားလုံးတွေနဲ့အညီ လေးနက်တဲ့ လက်တွေ့ လုပ်ဆောင်မှုတွေကိုလည်း အာရုံစိုက်ပေးဖို့လိုကြောင်း ထောက်ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးချိန် ကတည်းက ဆုတ်ယုတ် ကျဆင်းသွားတဲ့ မြန်မာ့ဒီမိုကရေစီ ရုန်းကန်မှုတွေဟာပိုပြီး အားကောင်းတဲ့ ထောက်ပံ့မှုတွေ လိုအပ်နေကြောင်း ဇိုတွမ်မှုန်က ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ပူးပေါင်း အလုပ်လုပ်ဖို့ အမေရိကန် အစိုးရကို BRIက အကြံပြု တောင်းဆိုခဲ့ပါတယ်။ SCEFမှာတော့ အမျိုးသား ညီညွတ်ရေး အစိုး (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့ ဖွဲ့စည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာပိုင် နိုင်ငံခြားငွေကြေး ဒေါ်လာ ၁ ဘီလီယံနဲ့ ဆက်စပ် အတိုးနှုန်းတွေကိုလည်း SCEFကို လွှဲပေးဖို့ BRI က ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာအတွက် အကူအညီပေးဖို့ ခွဲတမ်းသတ်မှတ်ထားတဲ့ ဒေါ်လာ ၁၂၁ သန်းကိုလည်း SCEFကနေ ခွဲဝေပေးဖို့၊ တိုင်းရင်းသားတွေနဲ့ လူနည်းစု ခရစ်ယာန်တွေအပေါ် စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ပေးဖို့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ခရစ်ယာန် ဓမ္မဆရာတွေနဲ့ တခြား မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်လာအောင် ဖိအားပေးဖို့လည်း BRIက တောင်းဆိုထားပါတယ်။

BRIဟာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှာ အခြေစိုက်ပြီး မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ ဒုက္ခသည်အရေး၊ စစ်ရှောင်အရေးတွေမှာ ပါဝင်နေတဲ့ တက်ကြွလှုပ်ရှားမှုနဲ့ သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ပြီးတော့ အမေရိကန် အခြေစိုက်ချင်းလူ့အဖွဲ့အစည်းကိုလည်း အကူအညီတွေ ပေးနေပါတယ်။

ကိုးကား- BRI

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။