Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံနဲ့ ဧရာ၀တီကာကွယ်ဖို့ မြစ်ကြီးနားနဲ့ ၀ိုင်းမော် လူငယ်တွေ တောင်းဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

ဇွန် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

ဇွန်လ ၁၃ရက်မနက်ပိုင်းမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်က လူငယ်တွေဟာ ဧရာ၀တီမြစ်ကို သွားရောက်ပြီး အခုလို လှုပ်ရှားမှု ပြုလုပ်ကာ မြစ်ဆုံဆည်စီမံကိန်း အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့တာလို့ ဆိုပါတယ်။

“ဧရာ၀တီမြစ်ကို ထာ၀ရ လွတ်လပ်စွာ စီးဆင်းဖိုပေါ့နော် နောက်ပြီးတော့ မြစ်ဆုံ ဆည် လုံး၀ ဖျက်သိမ်းရန်အတွက် ကျမတို့ အဲဒါကို ရည်ရွယ်ပြီးမှ ကန်ပိမ်းတခုလုပ်တာပါ။ဖောင်မျှောတယ်။ နောက်ပြီး စတစ်ကာ ကန်ပိမ်းပေါ့နော် အဲဒါကို ရေထဲမှာ မျောပြီး လုပ်ရခြင်းဖြစ်တယ်။ အဲဒါရည်ရွယ်တာက ဒီဟာကိုမြင်တဲ့သူတိုင်း ကောက်ဖတ်တဲ့သူတိုင်း ကြည့်ရှုသူတိုင်းက ဧရာ၀တီမြစ်ကြီးကို ကာကွယ်ဖို့ ကျမတို့ နှိုးဆော်ရခြင်းဖြစ်ပါတယ်”လို့ မြစ်ကြီးနားဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဧရာ၀တီထာ၀ရစီးဆင်းဖို့အတွက် မြစ်ဆုံကို ကာကွယ်ဖို့ များစွာ အရေးကြီးတယ်လို့ ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုက မြစ်ဆုံရေကာတာစီမံကိန်း ပြန်စဖို့ ကြိုးပမ်းလာတဲ့ အခြေအနေမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော် ဒေသခံ ပြည်သူတွေဟာ စီမံကိန်း ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ ကို လုံခြုံရေး အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်လျက်ရှိပါတယ်။

” အခု မျိုးဆက်သစ်တွေအတွက် ဒီမြစ်ဆုံဆိုတာ မရှိမဖြစ်ဟုတ်တယ် အဲဒါကြောင့် လူငယ်တွေက မြစ်ဆုံစိမံကိန်း လုပ်ဖို့ လုံး၀ သဘောမတူတဲ့ အကြောင်းလေးတွေ ဖြစ်တယ်။ ဧရာ၀တီမြစ်က မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဟုတ်တယ် မြစ်ဆုံဆိုတာ လည်း ကချင်ပြည်နယ်ရဲ့ အထင်ကရလည်းဟုတ်တယ် ဧရာ၀တီမြစ်ရဲ့မြစ်ဖျား အရမ်းအရေးကြီးတဲ့ နေရာတခုဖြစ်တယ်” လို့ မြစ်ကြီးနားဒေသခံက ပြောပါတယ်။

စစ်အုပ်စုက မြစ်ဆုံပြန်စဖို့ ထုတ်ဖော်ပြောဆိုတာ၊ ဒေသခံလူထုတွေကိုနည်းမျိုးစုံနဲ့ ခေါ်ယူပြီး လူထုတွေ့ဆုံပွဲတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ဒေသခံတွေက စီမံကိန်း ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ပုံစံမျိုးစုံနဲ့ ပြုလုပ်နေပြီး ကချင်အဖွဲ့အစည်းတွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေနဲ့ ဘူမိဗေဒပညာရှင်များက မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ကလည်း မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေရဲ့လုပ်ရပ်ကို အားပေးရပ်တည်ကြောင်း အသိပေးထားပါတယ်။

https://www.facebook.com/reel/1017168894130031

ရုပ်သံ – ဒေသခံ

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

ပျက်စီးပြီး ရေမျောသွားတဲ့ သင်္ဘောလာဆွဲတဲ့ စစ်သင်္ဘောလည်း တိုက်ခိုက်ခံရ၊ သေဆုံးတဲ့ စစ်သားအလောင်းအချို့ ရေထဲမျောပါ

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

Facebook