Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ ပထမဆုံး Hat-trickကို မက်ဆီသွင်းယူ၊ ကမ္ဘာ့ဖလားရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ပူးတွဲစံချိန်ရှင်ဖြစ်လာ

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ တစ်ပွဲတည်း သုံးဂိုးသွင်းတဲ့ Hat-trick ပိုင်ရှင် ပထမဆုံး ကစားသမား ဖြစ်လာသလို ကမ္ဘာ့ဖလား ပြိုင်ပွဲတွေရဲ့ ထာဝရ သွင်းဂိုးအများဆုံး စံချိန်ကိုလည်း လိုက်မီလာပြီ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ တစ်ပွဲတည်း သုံးဂိုးသွင်းတဲ့ Hat-trick ပိုင်ရှင် ပထမဆုံး ကစားသမား ဖြစ်လာသလို ကမ္ဘာ့ဖလား ပြိုင်ပွဲတွေရဲ့ ထာဝရ သွင်းဂိုးအများဆုံး စံချိန်ကိုလည်း လိုက်မီလာပြီ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Orကို ၈ ကြိမ်တိုင် ဆွတ်ခူး ရရှိဖူးတဲ့ အသက် ၃၈ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူးကြီးဟာ လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားက အယ်လ်ဂျီးရီးယား အသင်းကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ အုပ်စု(ည) ပွဲစဉ်မှာ တစ်ဦးတည်း သုံးဂိုးစလုံးကို သွင်းယူနိုင်ခဲ့ပါတယ်။ အသက်အရွယ် ရလာပြီ ဖြစ်တာကြောင့် ကမ္ဘာ့ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲကြီးတွေမှာ အရင်လို စွမ်းဆောင်ပြနိုင်ပါ့မလားဆိုတဲ့ သံသယတွေကို မက်ဆီက ဒီနှစ်ပြိုင်ပွဲရဲ့ ပထမဆုံး Hat-trick ဂိုးတွေနဲ့အတူ ချေဖျက်ပြလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အယ်လ်ဂျီးရီးယားနဲ့ပွဲမှာ ၃ ဂိုး သွင်းနိုင်ခဲ့တာကြောင့် ပါဝင်ယှဉ်ပြိုင်ဖူးသမျှ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ သူသွင်းယူဖူးသမျှ ဂိုးအရေအတွက်က ၁၆ ဂိုးထိ ရှိလာပါတယ်။ ဒါကြောင့် မက်ဆီဟာ ဂျာမနီ တိုက်စစ်မှူး မီယိုဆလက်ဗ် ကလိုဆေးနဲ့ ပူးတွဲပြီး ကမ္ဘာ့ဖလား သမိုင်းမှာ ဂိုးအများဆုံး သွင်းယူတဲ့ စံချိန်ရှင် ဖြစ်လာစေပါတယ်။ ကလိုဆေးက ကစားသမား ဘဝက အနားယူသွားပြီ ဖြစ်ပေမယ့် မက်ဆီကတော့ ဒီနှစ်ပြိုင်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်နေတာကြောင့် သွင်းဂိုး စံချိန်ဟောင်းကို ရိုက်ချိုးနိုင်ဖို့ အလားအလာ ကောင်းလာပါတယ်။

မက်ဆီဟာ ၂၀၀၆ ခုနှစ်ကစလို့ ကမ္ဘာ့ဖလား ၆ ကြိမ်ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ပြီး စုစုပေါင်း ၂၇ ပွဲထိ ကစားပေးထားပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်တုန်းက ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာ အာဂျင်တီးနား ချန်ပီယံ ဖြစ်လာအောင် အဓိက ဦးဆောင်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင်နေပြီး ဆီနီဂေါကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ တစ်ဦးတည်း နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီဟာလည်း အခုဆိုရင် ကမ္ဘာ့ဖလား သွင်းဂိုး ၁၄ ဂိုးထိ ရရှိထားပါပြီ။ အသက် ၂၇ နှစ်သာ ရှိသေးတဲ့ အမ်ဘက်ပီဟာ အဲဒီဂိုးတွေကြောင့် အိုလီဗီရာ ဂီရော့ဒ်ရဲ့ ၅၇ ဂိုး စံချိန်ကို ကျော်တက်ပြီး ပြင်သစ်လက်ရွေးစင် အသင်းအတွက် ဂိုးအများဆုံးသွင်းသူအဖြစ် ၅၈ ဂိုးနဲ့ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ အမ်ဘက်ပီဟာ ကမ္ဘာ့ဖလား ဂိုးသွင်းအများဆုံး ကစားသမားတွေ တန်းစီဇယားမှာ ဂျာမနီ ဂန္ထဝင် တိုက်စစ်မှူးဟောင်း ဂတ်ဒ်မူလာနဲ့အတူ ပူးတွဲ တတိယအဖြစ် ရပ်တည်နေပါတယ်။

ကိုးကား: USA Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောဆိုမိလို့ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ပါရာဂွေး အသင်းရဲ့ မီဂွယ် အယ်လ်မီရွန်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လက်ရွေးစင် အသင်းကို အားပေးတဲ့ အနေနဲ့ လွှတ်တော် တက်နေတဲ့ နော်ဝေး အမတ်တွေဟာ လှေလှော်နေပုံနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ခေတ်သစ် ဘောလုံးအားကစားကို အစပျိုးခဲ့တဲ့ ဘောလုံးဘိုးအေ နိုင်ငံအဖြစ် တင်စားခံရတဲ့ နာမည်ကြီး အင်္ဂလန် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကောင်းမွန်တဲ့ ရလဒ်တစ်ခုနဲ့ စတင်နိုင်ခဲ့ပါတယ်။