Connect with us

Hi, what are you looking for?

သတင်း

တပ်ကြပ်ကြီးအပါအဝင် စစ်ကောင်စီတပ်သား ၄ဦး လက်နက်နဲ့ CDF စီးယင်းထံ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

(အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CDF- Siyin)

ဇွန် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး နဲ့ ဒုတပ်ကြပ်ကြီး အပါအဝင် ရဲဘော် ၄ဦးဟာ ဇွန်လ ၁၇ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာလို့ ဆုငွေ ချီးမြှင့်ခဲ့ကြောင်း မှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ယူဆောင်လာတဲ့ လက်နက်ခဲယမ်းအရေအတွက် ဖော်ပြမထားပေမယ့် လက်နက်ငယ် ၂လက်နဲ့ စစ်သုံးပစ္စည်းအချို့ကို မှတ်တမ်းဓာတ်ပုံမှာ တွေ့ရပါတယ်။

အရင်ကလည်း CDF စီးယင်းထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားတွေရှိသလို ထပ်မံ အလင်းဝင်လိုသူတွေအနေနဲ့လည်း ဆက်သွယ်နိုင်ကြောင်း CDF စီးယင်း ဖိတ်ခေါ်ထားပါတယ်။

အလင်းဝင်ရောက်ဖို့ ဆက်သွယ်လာရင် ကြိုဆိုပေးတာ၊ သွားလိုတဲ့နေရာကို စီမံပေးတာ လုပ်ပေးမယ်လို့ အသိပေးထားပြီး လက်နဲ့ အလင်းဝင်လာရင်လည်း ဆုငွေပေးမယ်လို့ ကြေညာထားပါတယ်။ အရင်က အလင်းဝင်လာတဲ့ တီးတိန်မြို့က ရဲနဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ အလင်းဝင်လာရင် CDF စီးယင်း ကျပ်သိန်း ၁၀၀ ဆုငွေ ပေးအပ်ခဲ့တာ တွေ့ရပါတယ်။

သိုင်းငင်းကျေးရွာဟာ ကလေးမြို့ကနေ ဟားခါးနဲ့ တီးတိန်မြို့တွေ သွားရောက်ပါက လမ်းဆုံလမ်းခွဲ နေရာမှာ တည်ရှိတဲ့ ရွာလေးဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့တပ်မ(၇၇) လက်အောက်ခံ တပ်ရင်း(၁၀၁)က အထိုင်ချထားတာလို့ ဆိုပါတယ်။

အရင်က သိုင်းငင်းရွာကို ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်သလို ကလေး -သိုင်းငင်း-တီးတိန်လမ်း၊ ကလေး-သိုင်းငင်း-ဖလမ်း-ဟားခါးလမ်းတွေကိုလည်းချင်းတော်လှန်ရေးတပ်တွေက စိုးမိုးထားတာဖြစ်ပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်တပ်က ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်က နယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အခုနှစ် နွေကာလမှာ ချင်းတော်လှန်ရေးတပ်တွေက ဆုတ်ခွာပေးခဲ့ရတဲ့ နယ်မြေဒေသတွေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။