Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီလူထုလှုပ်ရှားမှုမှာပါဝင်ကြဖို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုး တိုက်တွန်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Screenshot

ဇွန် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

မနက်ဖြန် ဇွန် ၁၉ရက်မှာ ကျရောက်မယ့် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ လှုပ်ရှားမှုမှာ လူထုတွေ ပါဝင်ဖို့ ဝန်ကြီးက နှိုးဆော်ရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ဖို့ ဝန်ကြီးက ပြောကြားထားသလို ဦးဝင်းမြင့်သည်သာ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည်သာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဦးကျော်မိုးထွန်းသည်သာ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ သံအမတ်ကြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု လုပ်ဆောင်နေတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း နဲ့ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်နေတာ ချက်ချင်းရပ်ဖို့၊ အဓမ္မ စစ်သားစုဆောင်းတဲ့ အဓမ္မ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်ဖို့လည်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။

မနက်ဖြန် ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့အတွက် ပြည်သူလူထုတွေက မွေးနေ့အကြိုလှုပ်ရှားမှုတွေကို ပြည်တွင်း ပြည်ပမှာ ပုံစံမျိုးစုံနဲ့ ကျင်းပပြုလုပ်နေကြတာကိုလည်း တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။