Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာမှာဖွင့်ထားတဲ့ KSCU ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကျင်းပ

ကျွန်းလှနဲ့ ခင်ဦးမှာလည်း မွေ့နေ့အမှတ်တရ သစ်ပင်တွေ စိုက်ပျိုး

ဇွန်-၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့ပွဲ ကျင်းပခဲ့ကြောင်း KSCU ဆေးပညာသိပ္ပံ တက္ကသိုလ် ရဲ့ ကျောင်းအုပ်ကြီး ဒေါက်တာခင်မောင်လွင်က မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြပါတယ်။

“ အမေစုမွေးနေ့မှာ KSCU ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်(SMS) ကလည်း တတပ်တအား သတိတရ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဘယ်တော့မှ မမေ့ဘူး။ အမေစု ကျန်းမာပါစေ။ မတရား အနှောင်အဖွဲ့ မှ အမြန်ဆုံး လွတ်မြောက်ပါစေ” လို့ ဒေါက်တာခင်မောင်လွင်က ရေးသားကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ အသက်ရှည်ပါစေလို့ ဆုတောင်းပေးထားပါတယ်။

KSCUဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ မြေပြင် တက္ကသိုလ်တခုဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသရှိ အဆင့်မြင့်ပညာ ရှာဖွေလိုကြတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာပါ။ ကချင်ပြည်နယ်အတွင်းရှိ CDM တက္ကသိုလ် ဆရာ၊ ဆရာမများ ပူးပေါင်းပြီး ယင်းတက္ကသိုလ်ကို တည်ထောင်ထားခြင်းလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ ဇွန် ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့ကို နိုင်ငံတဝန်း ဒေသ အသီးသီးမှာ ပြည်သူတွေက ပုံစံမျိုးစုံနဲ့ မွေးနေ လှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီအထဲမှာ ခင်ဦးနဲ့ ကျွန်းလှ မြို့နယ်တွေမှာလည်း မွေးနေ့အထိမ်းအမှတ် သစ်ပင်တွေ စိုက်ပျိုးခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များနဲ့ မြို့နယ်သယံဇာတ အဖွဲ့များက နှင်းဆီပန်းသပိတ် ပြုလုပ်ကာ စီတန်းလှည့်လည် မွေးနေ့ဆုတောင်း၍ ကြွေးကြော်တာ၊ မွေးနေ့ဆုတောင်း၍ အမေစုအပုံပါ စတစ်ကာကပ် ပူပေါင်းများ လွှတ်တင်တာ၊ လမ်းဘေးဝဲယာ ခုတ်ထွင်ရှင်းလင်းပြိး ကျွန်းအပင် (၁,၂၀၀) စိုက်ပျိုးတာ စတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ကျွန်းလှမြို့နယ်မှာလည်း မွေးနေ့အထိမ်းအမှတ် မွေးနေ့ဆုတောင်းမေတ္တာပို့သတာ၊ ကျွန်း ၈၁ ပင် စိုက်ပျိုးတာ လုပ်ဆောင်ခဲ့တယ်လို့ NUG သယံဇာတနဲပ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။