Connect with us

Hi, what are you looking for?

News

လေး​ကေ့​ကော်​ဒေသ ၆ရက်​မြောက်တိုက်ပွဲထပ်ဖြစ်၊ စစ်​ကောင်စီတပ်၏လက်နက်ခဲယမ်းများထပ်မံဖမ်းဆီးရမိ

စစ်​ကောင်စီတပ်အထိ့နာခဲ့တဲ့ ယမန်​နေ့(ဒီဇင်ဘာလ ၁၉ ရက်နေ့) မယ်ထော်သလေးတိုက်ပွဲအဆက်အနေနဲ့ စစ်ကောင်စီ စခန်းကို KNLA နှင့် PDF ပူးပေါင်းတက်ဖွဲ့က သွားရောက်ရှင်းလင်းရာ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိတယ်လို့ PVTV က​ဖော်ပြပါတယ်။

လေးကေ့ကော်​ဒေသမှာ အာဏာသိမ်းစစ်​ကောင်စီတပ်နဲ့ KNU/KNLA ၊PDF ပူး​ပေါင်းအဖွဲ့​တွေရဲ့ တိုက်ပွဲ ​တွေ ၆ ရက်​မြောက်​နေ့အဖြစ် ဖြစ်ပွား​နေပါတယ်။

စစ်​ကောင်စီတပ်အထိ့နာခဲ့တဲ့ ယမန်​နေ့(ဒီဇင်ဘာလ ၁၉ ရက်နေ့) မယ်ထော်သလေးတိုက်ပွဲအဆက်အနေနဲ့ စစ်ကောင်စီ စခန်းကို KNLA နှင့် PDF ပူးပေါင်းတက်ဖွဲ့က သွားရောက်ရှင်းလင်းရာ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိတယ်လို့ PVTV က​ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေက ဒီနေ့ (ဒီဇင်ဘာလ ၂၀ ရက်) နံနက် ၉နာရီ ၄၅ မိနစ်ခန့်အမြောက်ကုန်းကနေ လေးကေ့ကော် အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကြီး​တွေနဲ့အချက်ပေါင်းများစွာ ပစ်ခတ်​နေတယ်လို့ သိရပါတယ်လိုလည်းဆက်လက်​​ဖော်ပြထားပါတယ်။PVTV က NUG ၊NUCC ၊CRPH တို့ရဲ့သတင်း​တွေ အဓိက​ဖော်ပြ​ပေး​နေတဲ့ ​မီဒီယာဖြစ်ပါတယ်။

ယမန်​နေ့က ​လေး​ကေ့​ကော်​ဒေသတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရာရှိ​တွေအပါအဝင် ၅၀ခန့်​သေဆုံးပြီး လက်နက်ခဲယမ်းများစွာကို KNLA နဲ့ PDFတပ်ဖွဲ့​တွေကသိမ်းဆည်းနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။