Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ် ၁၀ ဦး သေဆုံး၊ လက်နက်ခဲယမ်းတွေသိမ်းရဟု PDF ထုတ်ပြန်

မကွေးတိုင်း၊ချောက်မြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်က ၁၀ ဦး သေဆုံးပြီး ဒရုန်းနဲ့လက်နက်ခဲယမ်းတချို့ သိမ်းရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ဒီကနေ့ ဇူလိုင် ၁ရက်မှာ ထုတ်ပြန်ပါတယ်။

(ချောက်မြို့နယ်တိုက်ပွဲတွေအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - PDF)

ဇူလိုင် ၁၊ ၂၀၂၆။ မိုမို/People’s Spring

မကွေးတိုင်း၊ချောက်မြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်က ၁၀ ဦး သေဆုံးပြီး ဒရုန်းနဲ့လက်နက်ခဲယမ်းတချို့ သိမ်းရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ဒီကနေ့ ဇူလိုင် ၁ရက်မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၃ရက်က ချောက်မြို့နယ်အခြေစိုက် ခလရ(၁၃)တပ်ရင်းက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဇောင်းတောကန်ကျေးရွာအနီး မကွေးခရိုင်စစ်ဌာနစုဖွဲ့မှုစစ်ကြောင်းက ခြုံခိုတိုက်ခိုက်ရာမှာ စစ်တပ်က (၅)ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ရဲ့တိုက်ခိုက်ရေးဒရုန်း ၁စီး ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂၆ ရက်မှာလည်း စစ်တပ်စစ်ကြောင်းက ချောက်မြို့နယ် လေးပင်ကုန်းကျေးရွာကို စစ်ကြောင်း ၃ခုခွဲပြီး ရင်ဘောင်တန်းတပ်ဖြန့် ဝင်ရောက်စီးနင်းရာ ခုခံပြင်ဆင်ထားတဲ့ နင်းမိုင်း၊တိုက်မိုင်းတွေနဲ့ အပြင်းအထန်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ့တိုက်ခိုက်မှုတွေမှာ စစ်တပ်က အများအပြား ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှုတွေရှိခဲ့ကာ နောက်ရက် ဇွန်လ ၂၇ရက်မှာလည်း ပဒေသာနင်းမိုင်း ၅လုံးကွဲပြီး စစ်တပ်က သေဆုံးသူတွေထပ်မံ ရှိတယ်လို့ သိရပါတယ်။

အထိနာနေတဲ့စစ်တပ်စစ်ကြောင်းကို စစ်ကူပေးနိုင်ဖို့ ချောက်မြို့နယ်၊ မြေနီလိန်ကျေးရွာက အိမ်စီးကား ၁စီး၊ ဆိုင်ကယ် ၇ စီး တို့နဲ့ စစ်ကူထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅၀ ၀န်းကျင်ပါ စစ်ကြောင်းကို မကွေးခရိုင်စစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေက ထပ်မံတိုက်ခိုက်မှုမှာ ၅ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချောက်မြို့နယ်အတွင်း တိုက်ခိုက်မှုတွေမှာ MA-1 တလက်၊ MA-4 တလက်၊ ၅.၅၆ ကျည် (၅၇၇)တောင့်၊ ကျည်ဘောက်(၆)ခု၊ 60MMဗုံးသီး ငါးလုံး၊ 40MMဗုံးသီးနှစ်လုံး၊ အီကွေ့မန်နှစ်ခု၊ စစ်သုံးကျောပိုးအပ် သုံးလုံးနဲ့ တခြားဆက်စပ်ပစ္စည်းတွေသိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။

“စစ်ကြောင်းကတော့ အခုထိမထွက်သေးဘူး။စစ်ဘေးရှောင်နေရတာတွေ အရမ်းများတယ်”လို့ ချောက်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျေးရွာ ၂ရွာကို မီးရှို့ထားတယ်။ညောင်ဇင်ကတော့ ရွာလုံးကျွတ် မီးရှို့ခံရတယ်။အဲဒီရွာမှာက အိမ်ခြေ ၂၀၀ လောက်ရှိတယ်”လို့ ချောက်မြို့နယ်တော်လှန်ရေးတပ်တွေနဲ့နီးစပ်သူက စစ်တပ်စစ်ကြောင်း မီးရှို့မှုနဲ့ပတ်သတ်လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာ​ကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မလေးရှားကုမ္ပဏီတွေကို အရေးယူဖို့တိုက်တွန်း

သတင်း

ရခိုင်ပြည်နယ်မှာ လူအများအပြား သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကို အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သွားခဲ့ပါတယ်။

သတင်း

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

Facebook