Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ PDFနဲ့KIA လူငယ်တွေ အဝေးသင်တက္ကသိုလ် အောင်မြင်

အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လူငယ်တွေဟာ အခက်အခဲကြားက ပညာဆက်လက်သင်ယူပြီး အဝေးသင်တက္ကသိုလ် ဖြေဆိုရာ အောင်မြင်မှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆရာမ ဂျာထွယ်ပန်က ပြောကြားပါတယ်။

(KSCU ပညာရပ်စုံတက္ကသိုလ်ရဲ့ တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ တွေ့ရတဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်။ ဓာတ်ပုံ - The Kachin Net)

ဇူလိုင် ၁၊၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လူငယ်တွေဟာ အခက်အခဲကြားက ပညာဆက်လက်သင်ယူပြီး အဝေးသင်တက္ကသိုလ် ဖြေဆိုရာ အောင်မြင်မှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆရာမ ဂျာထွယ်ပန်က ပြောကြားပါတယ်။

နွေဦးဆရာ အတက်ပညာတက္ကသိုလ်(SNU)ရဲ့ ပဉ္စမအကြိမ် ဘွဲနှင်းသဘင် အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဆရာမ ဂျာထွယ်ပန်က အဖွင့်အမှာစကား ပြောကြားစဉ်အခုလို အသိပေးခဲ့တာပါ။ အဲဒီ ဘွဲနှင်းသဘင်အခမ်းအနားကို ဇွန် ၂၁ရက်က ကျင်းပခဲ့တာဖြစ်ပြီး SNU က ဒီကနေ့ ဇူလိုင် ၁ရက်မှာ အသိပေးထုတ်ပြန်လာတာပါ။

ပညာသင်ယူလိုစိတ်ရှိတဲ့သူတွေက ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် ပညာသင်ကြားခဲ့ကြတဲ့ သာဓက များစွာရှိကြောင်း ဝန်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကချင်မှာလည်း ကြုံခဲ့ဖူးတယ်။ ကချင်မှာလည်း PDF လူငယ်တွေရော KIAထဲက လူငယ်တွေရော လက်နက်ကိုင် တော်လှန်ရေးလုပ်ရင်းနဲ့ တဖက်ကနေ သူတို့ အဝေးသင်တွေ တက်ကြတယ်။ စာမေးပွဲ ဖြေမယ့်အချိန်ကျရင် ရှေ့တန်းကနေ ခွင့်ယူပြီးမှ လာဖြေကြတယ်။ အခက်အခဲတွေနဲ့ပေါ့။ အဲဒီလို ဖြေတဲ့အခါမှာလည်း အမှတ်ကောင်းတွေလည်း ရကြတယ်။ အခုကချင်မှာ KSCU တက္ကသိုလ်မှာ ရှေ့တန်းက ကျောင်းသားတွေ အဝေးသင်လာဖြေကြတယ်။ ဆရာဆရာမတွေက အရမ်းစိုးရိမ်ပေးတာပေါ့နော် ဪ သူတို့တွေ ဖြေနိုင်ကြပါ့မလားဆိုပြီး။ တကယ်အရမ်းကောင်းကောင်းဖြေနိုင်တာကို တွေ့ရတယ်” လို့ ဝန်ကြီး ဆရာမဂျာထွယ်ပန်က ပြောပါတယ်။

KSCU လို့ ခေါ်တဲ့ ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်ဆိုတာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NUGနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တို့အတူပူးပေါင်းပြီးမြေပြင်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

KSCU ကို ၂၀၂၂ မေလ ၃၀ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ဘွဲ့ရရှိသူ ၄၁၉ ဦးရှိပြီဖြစ်သည်။ KSCUအနေနဲ့ ကျောင်းသူကျောင်းသားတွေကို တတိယအကြိမ်အထိ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ ဘွဲ့လက်မှတ်တွေ ပေးအပ်ပြီးဖြစ်ပါတယ်။

အခု ကျင်းပတဲ့ဘွဲနှင်းသဘင်အခမ်းအနားကျင်းပတဲ့ နွေဦးဆရာအတက်ပညာတက္ကသိုလ်(SNU)ဟာလည်း CDM ဆရာဆရာမတွေ ဦးဆောင်ပြီး အထူးသဖြင့် အဆင့်မြင့် ပညာကဏ္ဍမှာ ဆရာဆရာမတွေ ဖြည့်ဆည်းဖို့ ပြုလုပ်နေတဲ့ ပညာရေးတက္ကသိုလ်ဖြစ်ပါတယ်။

ပုံမှန်အခြေအနေမှာတောင် ဆရာဆရာမ လုံလောက်မှုမရှိတာ ရင်ဆိုင်နေရတာဖြစ်လို့ အခုလို ကြားကာလ အခြေအနေမှာ ပညာရေးကဏ္ဍ ဆရာဆရာမ မလုံလောက်မှု မရှိကြောင်း၊ အင်တာနက် နဲ့ လေကြောင်းရန် အပါအဝင် အခက်အခဲများစွာ ရှိနေတဲ့ အခြေအနေမှာ ပညာသင်ကြားပေးသူ၊ ပညာသင်ကြားမှု ခံယူသူ အားလုံးကို ဂုဏ်ပြုဂုဏ်ယူ အထူးကျေးဇူးတင်ကြောင်းလည်း ဝန်ကြီးက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ စွမ်းအားကြီးမား၊ နွေဦးတော်လှန်ရေးရဲ့ ခိုင်မာတဲ့ မဏ္ဍိုင်အဖြစ် တည်တံ့နေဆဲဟု NUG ဝန်ကြီးချုပ်ပြော

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

Trending

Facebook