Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွီဒင်ရဲ့ အဆင့်မြင့် တိုက်လေယာဉ် ၁၆ စီး ဝယ်ယူဖို့ ယူကရိန်း လက်မှတ်ရေးထိုး

ဆွီဒင်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်သစ် ၁၆ စီး အရောင်းအဝယ် စာချုပ်ကို ယူကရိန်းနဲ့ ဆွီဒင်တို့ကြား တရားဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ဆွီဒင်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်သစ် ၁၆ စီး အရောင်းအဝယ် စာချုပ်ကို ယူကရိန်းနဲ့ ဆွီဒင်တို့ကြား တရားဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်အရ ဆွီဒင်ရဲ့ လေကြောင်းနည်းပညာ လုပ်ငန်းစုကြီး Saabဟာ Gripen တိုက်လေယာဉ်တွေရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းဖြစ်တဲ့ Gripen E တိုက်လေယာဉ် ၁၆ စီးကို ဒေါ်လာ ၂.၅၄ ဘီလီယံနဲ့ ရောင်းချပေးမှာပါ။ ဒါ့အပြင် ယူကရိန်းအတွက် လေယာဉ်ပျံသန်းမှုနဲ့ ထိန်းသိမ်းမှုဆိုင်ရာ လေ့ကျင့်မှုတွေ၊ တခြား ဆက်စပ် နည်းပညာတွေကိုလည်း Saabက ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

တိုက်လေယာဉ် အသစ်တွေ ပေးပို့မှုဟာ ၂၀၂၉-၃၀ ဘဏ္ဍာရေးနှစ်မှာ စတင်မှာဖြစ်ကြောင်းလည်း Saabက ကြေညာပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ၂၀၂၇ နှစ်ဆန်းပိုင်းကစလို့ ဆွီဒင်လေတပ်က လက်ရှိ အသုံးပြုနေပြီး နည်းပညာပိုင်းအရ Gripen Eတွေလောက် အဆင့်မမြင့်တဲ့ Gripen Cနဲ့ Gripen D တိုက်လေယာဉ် နောက်ထပ် ၁၆ စီးကိုလည်း ယူကရိန်း လေတပ်ဆီ လွှဲပြောင်းပေးသွားမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြုခဲ့ပါတယ်။

မေလတုန်းက ဇီလန်စကီးဟာ ဆွီဒင်ဆီက Gripen E တိုက်လေယာဉ်သစ် အစီး ၂၀ ကနဦး ဝယ်ယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့ စာချုပ် လက်မှတ်ရေးထိုးချိန်မှာတော့ လျာထားချက်ထက် ၄ စီး ပိုလျော့နေတာကို တွေ့ရပါတယ်။ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့အဖြစ် ဆွီဒင်က လွှဲပေးမယ့် Gripen တိုက်လေယာဉ် အဟောင်းတွေရဲ့ အရေအတွက်ကတော့ မေလ ထုတ်ပြန်ချက်တုန်းကအတိုင်း မပြောင်းမလဲ ရှိနေပါတယ်။ ဒီတော့ ယူကရိန်းဟာ ဆွီဒင်ဆီက တိုက်လေယာဉ် အဟောင်းနဲ့အသစ် စုစုပေါင်း ၃၂ စီး လက်ခံရရှိမယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက ယူကရိန်း အနေနဲ့ ဘတ်ဂျတ်အခြေအနေအပေါ် မူတည်ပြီး လာမယ့် ဆယ်စုနှစ်အတွင်း Gripen E တိုက်လေယာဉ် စုစုပေါင်း အစီးရေ ၁၂၀ နဲ့ ၁၅၀ ကြားထိ အသုတ်လိုက် ဖြည့်တင်း ဝယ်ယူသွားလိုကြောင်းလည်း ပြောဆိုထားဖူးပါတယ်။

Gripen Eအသစ်တွေရော၊ ဆွီဒင်က အခမဲ့ လွှဲပြောင်းပေးမယ့် Gripen Cနဲ့ Gripen D တိုက်လေယာဉ်တွေကပါ ရုရှားရဲ့ ကျူးကျော်စစ်ပွဲအတွင်း ယူကရိန်းရဲ့ လေပိုင်နက် ကာကွယ်ရေးမှာ ထိရောက်တဲ့ အကူအညီတွေ ရရှိလာစေလိမ့်မယ်လို့ ဆွီဒင် နိုင်ငံခြားရေး ဝန်ကြီး ပါလ်ဂျွန်ဆန်က ဇွန်လ ၃၀ ရက်နေ့တုန်းက ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရှားပါးတဲ့ အခြေအနေ တစ်ခုအဖြစ် ရုရှားဟာ ပြည်ပကနေ လောင်စာဆီ ပြန်လည်ဝယ်ယူ တင်သွင်းသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဇွန်လ ၃၀ မှာ ဆက်လက် ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက် ပွဲစဉ်တွေမှာ နာမည်ကြီး ပြင်သစ်ဟာ ဆွီဒင်ကို ဂိုးပြတ် အနိုင်ယူပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို သက်တောင့်သက်သာ တက်လှမ်းလာခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် လောင်စာဆီ ပြတ်လပ်မှုတွေ ကြုံတွေ့နေကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

Facebook