Connect with us

Hi, what are you looking for?

နိုင်ငံတကာ

EUက တရုတ်နဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချချင်နေပေမယ့် တရုတ်အဲကွန်းတွေ အများအပြား တင်သွင်းနေရ

ဥရောပတိုက်မှာ အပူလှိုင်းဖြတ်တဲ့ဒဏ်ကြောင့် တရုတ်နိုင်ငံဆီက လေအေးပေးစက် (အဲကွန်း)တွေကို မကြုံစဖူး အမြောက်အမြား မှာယူ တင်သွင်းနေရပါတယ်။ ဥရောပ သမဂ္ဂ (EU)ဟာ တရုတ်နဲ့ ကုန်သွယ်မှုမှာ ပို့ကုန်ထက် သွင်းကုန်တန်ဖိုးက အရမ်းများနေတာကို လျှော့ချဖို့ ကြိုးစားနေချိန်မှာပဲ အခုလို အခြေအနေနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - CFP

ဥရောပတိုက်မှာ အပူလှိုင်းဖြတ်တဲ့ဒဏ်ကြောင့် တရုတ်နိုင်ငံဆီက လေအေးပေးစက် (အဲကွန်း)တွေကို မကြုံစဖူး အမြောက်အမြား မှာယူ တင်သွင်းနေရပါတယ်။ ဥရောပ သမဂ္ဂ (EU)ဟာ တရုတ်နဲ့ ကုန်သွယ်မှုမှာ ပို့ကုန်ထက် သွင်းကုန်တန်ဖိုးက အရမ်းများနေတာကို လျှော့ချဖို့ ကြိုးစားနေချိန်မှာပဲ အခုလို အခြေအနေနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။

EUရဲ့ ခေါင်းဆောင်တွေက တရုတ်နဲ့ ကုန်သွယ်ရေး လိုငွေပြမှု ကွာဟချက်ကို ကျဉ်းမြောင်းသွားစေဖို့ အရေးတကြီး လိုအပ်ကြောင်း ဝန်ခံထားကြပါတယ်။ မကြာသေးခင်ကတော့ တရုတ်နဲ့ EUတို့ဟာ နှစ်ဖက် ကုန်သွယ်ရေး ကဏ္ဍမှာ ပိုပြီး ဟန်ချက်မျှတစေဖို့၊ စျေးကွက်ထဲက ပြဿနာတွေကို အတူညှိနှိုင်း ဖြေရှင်းဖို့ သဘောတူခဲ့ကြောင်း ရှားပါးတဲ့ ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

တစ်နည်းအားဖြင့် EUဟာ တရုတ်ဆီကို ပိုမိုစုံလင်များပြားတဲ့ ကုန်စည်တွေ တင်ပို့ဖို့နဲ့ တရုတ်ဆီက ဝယ်ယူတင်သွင်းရမှုတွေကို အတိုင်းအတာ တစ်ခုထိ လျှော့ချဖို့ ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမဲ့ ရာသီဥတုဒဏ်ကြောင့် အဲဒီအစီအစဉ်က လောလောဆယ် ဘယ်လိုမှ အထမမြောက်နိုင်သေးပါဘူး။

ဥရောပ အနောက်ပိုင်းမှာ ဆိုးဆိုးရွားရွား အပူလှိုင်း ဖြတ်နေပြီး နိုင်ငံတချို့မှာ အပူလွန်ကဲမှု စံချိန်အသစ်တွေတောင် ကြုံတွေ့နေခဲ့ပါတယ်။ ဒါကြောင့်လည်း အခုသီတင်းပတ် အစောပိုင်းထိ အခြေအနေအရ ဥရောပဟာ တရုတ်ဆီကနေ အဲကွန်းယူနစ်ပေါင်း ၂ သိန်းကျော်ကို မှာယူ တင်သွင်းထားရပါတယ်။ အဲဒီပမာဏဟာ ၂၀၂၅ နဲ့ယှဉ်ရင် နှစ်ဆ ပိုများလာတာဖြစ်ပြီး လာမယ့်ရက်တွေမှာ ထပ်တိုးလာမယ့် အလားအလာ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်မှာတော့ အိမ်အားလုံးရဲ့ စုစုပေါင်း ၉၀ ရာခိုင်နှုန်း နီးပါးက အဲကွန်းတပ်ထားပေမယ့် ဥရောပမှာတော့ အဲဒီအချိုးအစားဟာ ၂၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိပါတယ်။ ပြီးတော့ ဥရောပမှာ ရောင်းအား အကောင်းဆုံး အဲကွန်း အမှတ်တံဆိပ် ၅ ခုစလုံးက ဥရောပ အခြေစိုက် လုပ်ငန်းတွေ မဟုတ်ပါဘူး။ Haier၊ Gree၊ Zhuhaiနဲ့ Mideaလို အရောင်းသွက် အဲကွန်းတံဆိပ်တိုင်းဟာ တရုတ်ထုတ်ကုန်တွေချည်းပဲ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ဥရောပ စျေးကွက်တစ်ခုလုံးရဲ့ ၃၂ ရာခိုင်နှုန်းကို စိုးမိုးထားခဲ့ပါတယ်။ တူရကီရဲ့ Bekoနဲ့ ဂျပန်ရဲ့ Daikinတို့ရဲ့ အဲကွန်းတွေကလည်း ထိပ်ဆုံး ၅ နေရာ စာရင်းထဲ ပါဝင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

ဥရောပရဲ့ အလိုအပ်ဆုံး အီလက်ထရောနစ် ထုတ်ကုန်တစ်ခုအတွက် ရောင်းအားအကောင်းဆုံး လုပ်ငန်း ၅ ခု စာရင်းမှာ ဥရောပ ကုမ္ပဏီတွေ လုံးဝ ပါမနေတာကိုက EU ခေါင်းဆောင်တွေ အထူးအလေးထား ထောက်ပြနေတဲ့ ကုန်ထုတ်စွမ်းအား ပြဿနာကို ပိုပြီး ထင်ထင်ရှားရှား မြင်သာလာစေပါတယ်။

ဥရောပ နိုင်ငံတွေ အနေနဲ့ တရုတ်ရဲ့ နည်းပညာ ထုတ်ကုန်တွေအပေါ် ကြီးကြီးမားမား ဆက်လက် မှီခိုနေရတဲ့ အတွက်လည်း နှစ်ဖက် ကုန်သွယ်ရေး ညှိနှိုင်းမှုတွေမှာ တရုတ်ဖက်က လိုက်လျော အလျှော့ပေးဖို့ ဖြစ်နိုင်ခြေကို ပိုလျော့နည်းသွားစေလိမ့်မယ်လို့ စျေးကွက် သုတေသီတွေက သုံးသပ်ထားကြပါတယ်။

ကိုးကား: Wall Street Journal

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီမိုကရေစီရေးတက်ကြွတောင်းဆိုသူတွေကိုတရုတ် အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ တိန်အင်မင်ရင်ပြင် ဖြိုခွင်းမှုကြီးကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ချီးကျူးစကား ပြောသွားခဲ့ပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ထိန်းချုပ်နယ်မြေအတွင်း ခရစ္စယာန် ဘုရားကျောင်းတွေ ယာယီပိတ်သိမ်းမှုနဲ့ပတ်သက်ပြီး UWSP/UWSA ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးညီရန်းက ဩဂုတ် ၁၄ရက်မှာ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အယောင်ဆောင် လက်ထပ်စေတဲ့ နည်းကိုသုံးပြီး ရာနဲ့ချီ များပြားတဲ့ နိုင်ငံခြားသားတွေကို အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် (green card) ရရှိအောင် စီစဉ်ပေးခဲ့တဲ့ ဂိုဏ်းတစ်ခုကို အမေရိကန်မှာ စွဲချက်တင်ထားပါတယ်။

နိုင်ငံတကာ

တရုတ်ကို ကမ္ဘာ့ကုန်သွယ်ရေးနဲ့ စီးပွားရေး စူပါပါဝါ နိုင်ငံကြီးတစ်ခု ဖြစ်လာအောင် အုတ်မြစ်ချပေးခဲ့သူလို့ အသိအမှတ်ပြု ခံရသူ ဝန်ကြီးချုပ်ဟောင်း ကျူးရုန်ကျီဟာ အသက် ၉၇ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Facebook