Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူ့လက်မှတ်ပါတဲ့ ဒေါ်လာ ၁၀၀ တန်ရဲ့ပုံကို ထရမ့်ထုတ်ပြ

သူ့လက်မှတ် ပါဝင်လာတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူပုံကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြခဲ့ပါတယ်။

သူ့လက်မှတ် ပါဝင်လာတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူပုံကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြခဲ့ပါတယ်။

လက်ရှိ အာဏာရ သမ္မတရဲ့ လက်မှတ်ကို ငွေစက္ကူပေါ်မှာ ပထမဆုံးအကြိမ် ပုံနှိပ် ဖော်ပြမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး လပိုင်းအကြာမှာ ထရမ့်က အခုလိုမျိုး သူ့လက်မှတ်နဲ့ ဒေါ်လာ ၁၀၀ တန်ကို လူမှုကွန်ရက်မှာ ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။

အစဉ်အလာအရ အမေရိကန် ငွေစက္ကူတွေရဲ့ စစ်မှန်မှုကို အာမခံဖို့အတွက် ဘဏ္ဍာရေးဝန်ကြီးနဲ့ ငွေကြေးပုံနှိပ်မှုဌာနခွဲမှူးရဲ့ လက်မှတ်တွေကို ထည့်သွင်းပုံနှိပ်ထားလေ့ ရှိပါတယ်။ ဒါပေမဲ့ အသစ်ရိုက်နှိပ် ထုတ်ဝေမယ့် ငွေစက္ကူတွေမှာတော့ ဌာနခွဲမှူးအစား သမ္မတ ထရမ့်ကိုယ်တိုင်ရဲ့ လက်မှတ်ကို အစားထိုး ထည့်သွင်းသွားမယ်လို့ မတ်လတုန်းက ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ကြေညာခဲ့ပါတယ်။

ဒါဟာ အာဏာလက်ရှိ သမ္မတတစ်ဦးရဲ့ လက်မှတ်ကို အမေရိကန် ငွေကြေးယူနစ်မှာ ပထမဆုံး ထည့်သွင်းပုံနှိပ်မှုလည်း ဖြစ်လာပါတယ်။ လူမှုကွန်ရက် မီဒီယာ Truthမှာ ထရမ့်က မျှဝေထားတဲ့ ဒေါ်လာ ၁၀၀ တန်ငွေစက္ကူ ပုံမှာတော့ ဘက်ဆန့်ရဲ့ လက်မှတ်ပေါ်မှာ သူ့ရဲ့လက်မှတ် ပါဝင်လာတာကို တွေ့ရပါတယ်။ ပြီးတော့ လက်မှတ်ရဲ့အောက်မှာ အမေရိကန် သမ္မတဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ထည့်သွင်း ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ထရမ့်ဟာ အမေရိကန်ရဲ့ စီးပွားရေးရွှေခေတ် ပြန်လည် ဦးမော့မှုကို ခေါင်းဆောင်ခဲ့တယ်ဆိုတာ သမိုင်းကြောင်းမှာ ငြင်းဆန်လို့ မရနိုင်ကြောင်း၊ သူ့ရဲ့ လက်မှတ်ကို ငွေစက္ကူပေါ်မှာ ရိုက်နှိပ်ဖော်ပြတာဟာ သင့်တော်ရုံသာ မကဘဲ တကယ့်ကို ထိုက်တန်တဲ့ ကိစ္စဖြစ်ကြောင်း အမေရိကန် အစိုးရ ဘဏ္ဍာရေးမှူး ဘရန်ဒန် ဘိချ်က မတ်လတုန်းက မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပုံရိပ်၊ လက်မှတ်၊ နာမည်စတာတွေကို အမေရိကန်ရဲ့ အရေးပါတဲ့ စာရွက်စာတမ်းတွေ၊ အထိမ်းအမှတ် အဆောက်အအုံတွေနဲ့ နေရာတွေမှာ ထည့်သွင်းရတာကို ဝါသနာပါသူ တစ်ဦးပါ။ ဥပမာ ဂျွန်အက်ဖ်ကနေဒီ အနုပညာ စင်တာရဲ့ နာမည်ရှေ့မှာ သူ့နာမည်ကို ထည့်ပေါင်းစေတာမျိုး ထရမ့်က ညွှန်ကြားခဲ့ပါတယ်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက နှစ် ၂၅၀ ပြည့် အမေရိကန် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ထရမ့်ရဲ့ပုံနဲ့ ဒေါ်လာ ၂၅၀ တန်တွေ ထုတ်ဝေသင့်ကြောင်းလည်း အကြံပြုခဲ့ပေမယ့် လက်တွေ့တော့ အထမမြောက်ခဲ့ပါဘူး။

ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ ထရမ့်ရဲ့ လက်မှတ်ကို ဒေါ်လာ ၁၀၀ တန် ငွေစက္ကူမှာသာ မကဘဲ ဒေါ်လာငွေ အားလုံးမှာ ထည့်သွင်းပုံနှိပ်သွားမှာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးခဲ့တဲ့နောက် တောင်ကိုရီးယား-အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို အတိုင်းအတာ ပမာဏ အရရော၊ အချိန်ကြာမြင့်မှု အရပါ လျှော့ချပစ်ခဲ့ရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် ရည်ညွှန်းရေးသားထားတဲ့ မြေပုံဖြတ်ပိုင်း တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ အဆက်အသွယ်တွေ ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ ဝင်ရှုပ်တယ်လို့ ခံစားမိရင် မဟာမိတ်ဖြစ်တဲ့ အိုမန်နိုင်ငံကိုပါ ဗုံးကြဲတိုက်ခိုက်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

Facebook