Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာ ဇွန်လအတွင်း မတရားဖမ်း‌ဆီးခံရသူ ၅၀ ကျော်ရှိဟု RSN ထုတ်ပြန်

ရန်ကုန်မြို့မှာ ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအထိရှိတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

ဇူလိုင်-၄၊၂၀၂၆။ သတိုး/People’s Spring

ရန်ကုန်မြို့မှာ ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအထိရှိတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

“ပြီးခဲ့တဲ့ မေလနဲ့ ယှဉ်ရင်တော့ လမ်းပေါ်လိုက်ဆွဲတာတွေ သိရတာ လျော့သွားပါတယ်။ ဒါမယ့် အိမ်ထိလိုက်ဆွဲတာတွေ၊ ဧည့်စစ်ပြီး ခေါ်သွားတာတွေတော့ ပိုများလာတယ်ဗျ။ စုစုပေါင်း ဖမ်းခံရသူ အရေအတွက်ကတော့ မကွာပါဘူး။”လို့ RSN ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၇ ဦးရှိခဲ့ပြီး ၁၁ ဦး ပြန်လည်လွတ်မြောက်ကာ ၁၁ ဦးမှာ စစ်မှုထမ်း သင်တန်းကျောင်းနဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ကျန်တဲ့ ၃၅ ဦးရဲ့ အခြေအနေကိုတော့ နောက်ဆက်တွဲ မသိရဘူးလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်က မြို့နယ်ပေါင်း ၁၅ ခုမှာ ဖမ်းဆီးမှုဖြစ်စဉ်တွေရှိခဲ့တာဖြစ်ပြီး သတင်းအတိအကျနဲ့ရှာဖွေဖမ်းဆီးခံခဲ့ရသူ ၁၅ ဦး၊ အကြောင်းပြချက်မရှိပဲ ဖမ်းဆီးခံရသူ ၁၃ဦး ၊ ရှောင်တခင်စစ်ဆေးဖမ်းဆီးခံရသူ ၂၉ ဦး ရှိတယ်လို့ RSN ကဆိုပါတယ်။

သတင်းအတိအကျနဲ့ ဖမ်းဆီးခံရသူတွေထဲမှာ စစ်မှုထမ်းအကြောင်းပြဖမ်းဆီးခံရသူတွေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းပန်တာကြောင့် ဖမ်းဆီးခံရသူတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။

အ‌ကြောင်းပြချက်မရှိပဲဖမ်းဆီးခံရသူတွေကတော့ လမ်းမပေါ်သွားလာနေသူ ၉ ဦး ၊ ကားမှတ်တိုင်မှာ ထိုင်နေသူ ၃ ဦးနဲ့ ကားလမ်းဘေးမှာထိုင်နေသူ ၁ ဦးပါဝင်တယ်လို့ သိရပါတယ်။

ရှောင်တခင်စစ်ဆေးရာမှာ ဖမ်းဆီးခံရသူတွေကတော့ ဧည့်စာရင်း စစ်ဆေးရာမှာ ရက်ကျော်တဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၁၇ ဦး ၊ ဖုန်းစစ်ကာ ဖမ်းဆီးခံရသူ ၆ဦး ၊ လေယာဉ်ဓာတ်ပုံရိုက်တဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၂ ဦး ၊ Bus ကားပေါ်တတ်ဖမ်းဆီးခံရသူ ၁ ဦး ၊ မသင်္ကာတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၂ ဦးနဲ့ ကားသမားတစ်ဦးကို မှတ်ပုံတင်မပါတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာတွေရှိတယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

သတင်း

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

Facebook