-ကိုမိုစိန်ရေးသားသည်။
စစ်တပ်ရဲ့ ၂၀၂၁ အာဏာသိမ်းမှုကြောင့် မြို့တော်ဝန်ဖြစ်လာခဲ့သူ ဦးကျော်ဆန်း ကို မန္တလေးမြို့ ရဲ့အထင်ကရဘုရားကြီးဂေါပက ဥက္ကဌ အဖြစ် စစ်အုပ်စု က ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ပြောင်းလဲ ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြန်ပါတယ်။
မြို့တော်ဝန်ဘဝကနေအနားယူပြီး လပိုင်းအကြာမှာ ဘုရားကြီးဂေါပက ဖြစ်လာခဲ့သူ ဦးကျော်ဆန်းနဲ့အတူ အဖွဲ့ဝင်သစ် (၁၁) ဦး တို့ရဲ့ ပထမဆုံးအကြိမ် ဝါဒခံယူပွဲကို ဂေါပကရုံးခန်းမ မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
ဂေါပက အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်လက်အောက်ခံ မန္တလေးတိုင်း အစိုး

Public Service Announcement
ရအဖွဲ့အမိန့်နဲ့ ၂၀၂၃ ခုနှစ်မှာ ဖွဲ့စည်းတာဝန်ပေးခဲ့တဲ့ ဘုရားကြီး ဂေါပက ဥက္ကဌ ဦးမြဝင်း (မဟာမုနိ ဘုရားကြီး ထီးတော်တင်လှုစဉ်က ငြမ်းစင်ပေါ်မှာ လဲကျသေဆုံးခဲ့သူ) အဖွဲ့က မြို့တော်ဝန်ဟောင်း ဦးကျော်ဆန်း တို့ အဖွဲ့ကို တာဝန်လွှဲပြောင်းပေးအပ်တဲ့အခမ်းအနားကို မဟာမုနိ ဘုရားကြီးဂေါပက အဖွဲ့ က လူမှုကွန်ရက််စာမျက်နှာမှာ ထုတ်ပြန်ဖေါ်ပြခဲ့တာဖြစ်ပါတယ်။
ဘုရားကြီးဂေါပကဖြစ်လာတဲ့ ဦးကျော်ဆန်း က စစ်အုပ်စု ခေတ်အဆက်ဆက်မှာ ပါဝင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး စစ်အုပ်စု က အားကိုးယုံကြည်ရတဲ့ လူယုံတစ်ဦးဖြစ်ပါတယ်။
ဘုရားကြီးဂေါပက ဥက္ကဌ ဖြစ်မလာခင်မှာ
ဦးကျော်ဆန်းက စစ်တပ်ခန့် မန္တလေး မြို့တော်ဝန်တာဝန်ထမ်းဆောင်ခဲ့သလို စစ်ယူနီဖောင်းချွတ် ဦးသိန်းစိန် အစိုးရလက်
ထက်မှာလည်း မန္တလေးတိုင်းလမ်းပန်းဆက်
သွယ်ရေး ဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူတစ်ဦးပါ။
အင်ဂျင်နီယာဘွဲ့ရ တစ်ဦးဖြစ်တဲ့ ဦးကျော်ဆန်း က အစိုးရဝန်ထမ်း ဘဝမှာလည်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ညွှန်ကြားရေးမှုးချုပ််(ငြိမ်း)
ထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆင့်မြင့် ပါတီဝင်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။
၂၀၁၀ ခုနှစ်က ကျင်းပခဲ့တဲ့အထွေထွေရွေး
ကောက်ပွဲ မှာ သူ့ရဲ့ ဇာတိဖြစ်တဲ့ မြင်းခြံမြို့နယ် မဲဆန္ဒနယ်(၁) ကနေ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့ပါတယ်။အဲဒီကနေ တဆင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် ရဲ့ အစိုးရအဖွဲ့ထဲမှာ မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး(၂၀၁၁ -၂၀၁၆)လုပ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း သူပါဝင်ခဲ့တဲ့ ဦးရဲမြင့် ဦး
ဆောင်တဲ့ တိုင်းအစိုးရအဖွဲ့ဟောင်းကို ကျန်နေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ငွေကျပ်သန်းပေါင်း ၃၃၄၀ ကျော် ကို ပေးသွင်းဖို့ နောက်တက်လာတဲ့ မန္တလေးတိုင်းအစိုးရ အဖွဲ့သစ် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အစိုးရအဖွဲ့ ၂၀၁၈ ဇွန်လ မှာ ပြုလုပ်တဲ့ တိုင်းအစိုးရ ဒုတိယသက်တမ်း တစ်နှစ်ပြည့် သတင်းစာရှင်လင်းပွဲမှာ ပြောကြားလာခဲ့ပါတယ်။
ဦးရဲမြင့် ဦးဆောင်တဲ့ အစိုးရအဖွဲ့ က ကြွေးကျန်သတ်မှတ်ထားတဲ့ ငွေကြေးမှာ ပြည်သူ
ပိုင်ငွေမဟုတ်ပဲ သူတို့ အစိုးရလက်ထက်မှာ ပုဂ္ဂလိက အလှုရှင်တွေက ဒေသဖွံ့ဖြိုးရေးအတွက်လှုဒါန်းတာဖြစ်လို့ ပြန်လည်ပေးသွင်းဖို့ ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရစ်ကျလေးကြိမ်ခွဲပေးဖို့ သဘောတူညီမှုရခဲ့ပါတယ်။ မှတ်တမ်းတွေအရ ကြွေးကျန်ငွေတွေကို အရစ်ကျ ၃ ကြိမ်အထိပေးသွင်းခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး နောက်ဆုံးပေးသွင်းရမယ့် ကျပ်သန်း ၅၀၀ ကို တော့ ဆက်လက် ပေးသွင်းခြင်း ရှိ၊မရှိကိုတော့ မသိခဲ့ရပါဘူး။
၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် နေ့မှာစစ်တပ်အာဏာသိမ်းပြီးနောက် ခုနှစ်ရက်အကြာ
(ဖေဖေါ်ဝါရီ ၇ ရက်)မှာ အာဏာသိမ်းစစ်တပ်က သူတို့ယုံကြည်ရတဲ့ မန္တလေးတိုင်း လမ်း
ပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးကျော််ဆန်းကို မန္တလေးမြို့တော်ဝန်အဖြစ်ခန့်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုနဲ့အတူ ဦးကျော်ဆန်း က ၂၀၂၁ ဖေဖေါ်ဝါရီ ၇ ရက် ကနေ ၂၀၂၆ ဧပြီ ၁၀ ရက်အထိ မန္တလေး မြို့တော်ဝန်အဖြစ် ၅ နှစ်ကျော် တာဝန်ယူခဲ့တဲ့သူတစ်ဦးပါ။ဦးကျော်ဆန်း မြို့တော်ဝန် အဖြစ်တာဝန်ယူချိန်မှာလည်း မန္တလေးမြို့အတွက် ဘာမှဖြစ်ဖြစ်မြောက်မြောက် လုပ်မပြနိုင်ခဲ့ဘူးလို့မြို့ခံအချို့ကပြောပါတယ် ။
ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မြို့တော်ဝန်ဒေါက်တာရဲလွင် လက်ထက်
မှာ စမတ်စီးတီးဆုရခဲ့တဲ့ အထိအောင်မြင်ခဲ့တဲ့ မန္တလေးမြို့တော်စည်ပင်ရဲ့ လူထုဝန်
ဆောင်မှုလုပ်ငန်းအားလုံးဟာ ဦးကျော်ဆန်း
လက်ထက်မှာလုံးဝပျက်စီးသွားခဲ့ပါတယ်။
အခုချိန်မှာတော့ ပျက်စီးနေတဲ့လမ်းတွေ၊ ပိတ်ဆို့နေတဲ့ မြောင်းတွေ၊ မိုးနည်းနည််းများလာရင် လမ်းပေါ်ရေလျှံကိစ္စတွေ၊ အမှိုက်ကားပုံမှန်မလာတာနဲ့ လမ်းမီးတွေပျက်နေတဲ့ နေရာတွေကို မြို့ရဲ့နေရာအနှံ့အပြားမှာ တွေ့ရတယ်လို့ မြို့ခံအချို့ကပြောပါတယ်။
ဒါပေမယ့်လည်းစစ်တပ်အတွက်တာဝန်
ကျေခဲ့တဲ့ ဦးကျော်ဆန်း ကို မြို့တော်ဝန်ဘ
ဝမှာပဲ စစ်အုပ်စု က သီရိပျံချီဘွဲ့(၂၀၂၂) ပေးအပ်ချီးမြှောက်ခဲ့ပါတယ်။
စစ်တပ်ရွေးကောက်ပွဲအပြီး စစ်တပ်ရဲ့ ဟန်ပြအစိုးရမှာ အသက် ၇၇ နှစ်အရွယ် ဦးကျော်ဆန်းကိုချန်လှပ်ထားခဲ့ပါတယ်။ဒါပေမယ့် စစ်အုပ်စု က ခေတ်အဆက်ဆက်တာဝန်ကျေခဲ့တဲ့ ဦးကျော်ဆန်း ကို စစ်ဦးဘီလူး မြို့တော်
ဝန်အဖြစ်က အနားပေးပြီး တစ်လကျော်အကြာမှာပဲ မန္တလေးမြို့ မဟာမုနိ ဘုရားကြီးဂေါပကအဖြစ် ဘာသာရေးနယ်ပယ်ထဲကို အသွင်ပြောင်း ခန့်အပ်ပေးခဲ့တာဖြစ်ပါတယ်။
ခေတ်အဆက်ဆက် ဘုရားကြီးဂေါပက အဖွဲ့ကို အုပ်ချုပ်ရေးအာဏာရ တိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ကြတာကို တွေ့ရပါတယ်။မြန်မာနိုင်ငံမှာ ရွှေဆိုင်းကပ်လှုပူဇော်လှုဒါန်း
မှုအများဆုံးဖြစ်တဲ့ မန္တလေး မဟာမုနိဘုရားကြီးမှာ စစ်အုပ်စုခန့် ဦးကျော်ဆန်းနဲ့အတူ ပါဝင်ဖွဲ့စည်းခဲ့တဲ့ ဂေါပက အဖွဲ့ဝင်သစ် ၁၀ ဦး မှာ ၅ ဦး က ရွှေလုပ်ငန်းရှင်တွေ ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ(၂၀၂၆-၂၀၂၁)လက်ထက်မှာ ဦးစိုးလင်း ဦးဆောင်တဲ့ မဟာမုနိဘုရားကြီးဂေါ
ပက အဖွဲ့က ဘုရားဘဏ္ဍာတော်ငွေ ကျပ်သိန်းပေါင်း ၁၂၀၀၀၀ ကျော် ရှိကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။။
မဟာမုနိ ဘုရားကြီး ဂေါပက အဖွဲ့ အနေနဲ့ ကျပ်သိန်းသောင်းချီတဲ့ ဘုရားဘဏ္ဏာငွေတွေ၊ မြေနေရာ၊ အခြား စီမံခန့်ခွဲတွေကို စီမံခန့်ခွဲသုံးစွဲခွင့်ရှိတာကြောင့် ရေရှည်အာဏာရယူထားချင်တဲ့ စစ်အုပ်စု က နိုင်ငံရဲ့ နယ်ပယ်နေရာကဏ္ဏအစုံမှာ သူတို့ယုံကြည်ရတဲ့သူတွေကို ပြောင်းလဲခန့်အပ်လာခဲ့ပါတယ်။ ။
(စစ်တပ်ခန့် မန္တလေးမြို့တော်ဝန်ဘဝကနေအနားယူပြီး လပိုင်းအကြာမှာ ဘုရားကြီးဂေါပကဖြစ်လာခဲ့သူဦးကျော်ဆန်း (အလယ်)
။ဓါတ်ပုံ-မဟာမုနိဘုရားကြီးဖေ့စ်ဘွခ် )

















































