Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲရပ်စဲနိုင်ရေး ကူညီအဖြေရှာပေးလိုကြောင်း ပူတင်ကို ထရမ့်ကမ်းလှမ်း၊ ဇီလန်စကီးနဲ့လည်း ဖုန်းပြော

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ယူကရိန်းစစ်ပွဲ ရပ်စဲရေးအတွက် ကူညီ အဖြေရှာပေးလိုတယ်လို့ ရုရှား အစိုးရဆီ ကမ်းလှမ်းခဲ့ကြောင်း ရုရှားဖက်က ပြောပါတယ်။

ဓာတ်ပုံ - Getty Images/File

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ယူကရိန်းစစ်ပွဲ ရပ်စဲရေးအတွက် ကူညီ အဖြေရှာပေးလိုတယ်လို့ ရုရှား အစိုးရဆီ ကမ်းလှမ်းခဲ့ကြောင်း ရုရှားဖက်က ပြောပါတယ်။

ဇူလိုင် ၄ ရက်နေ့တုန်းက ထရမ့်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မိနစ် ၉၀ နီးပါးလောက် ဖုန်းပြောခဲ့ပြီး အခုလို ကမ်းလှမ်းမှုမျိုး လုပ်ခဲ့တာလို့ ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ သတင်းရင်းမြစ် တစ်ဦးက အတည်ပြုခဲ့ပါတယ်။

လက်ရှိ (ယူကရိန်း) ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်နိုင်စေမယ့် အဖြေတွေ ကူညီ ရှာဖွေပေးဖို့ သူ့ဖက်က အဆင်သင့် ဖြစ်နေပါတယ်လို့ အမေရိကန် သမ္မတက ထပ်လောင်း ပြောဆိုခဲ့ကြောင်း ရုရှားအစိုးရရဲ့ အကြံပေး ပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ ယူရီ ယူရှာကော့ဗ်က ဆိုပါတယ်။

သမ္မတ နှစ်ဦးရဲ့ ဖုန်းပြောမှုဟာ အလုပ်သဘောဆန်ပြီး အပြုသဘောဆောင်တဲ့ အခြေအနေ ရှိခဲ့ကြောင်း၊ ရုရှား အနေနဲ့လည်း ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ကို လိုလားနေကြောင်း၊ ဒါပေမဲ့ ရုရှားရဲ့ အခြေခံကျတဲ့ ချဉ်းကပ်မှု စံနှုန်းတွေ အောက်ကပဲ ဆွေးနွေးဖို့လိုကြောင်း ယူရှာကော့ဗ်က မှတ်ချက်ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ကလည်း လက်ရှိ စစ်ပွဲရဲ့ မြေပြင် အခြေအနေတွေကို ထရမ့်ဆီ အသိပေးခဲ့ပြီး ရုရှားတပ်တွေဟာ တစ်နေရာပြီး တစ်နေရာ ဆက်တိုက် ချီတက် သိမ်းယူနေတယ် ဆိုတာကို ပြောပြခဲ့ကြောင်း ယူရှာကော့ဗ်က ဆိုပါတယ်။ ပူတင်ဟာ ထရမ့်ကို မော်စကို မြို့တော်ဆီ လာရောက် လည်ပတ်ဖို့လည်း ဖိတ်ကြားခဲ့သေးတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူဟာလည်း ထရမ့်နဲ့ ဖုန်းဆက် စကားပြောဖြစ်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ထရမ့်နဲ့ ဆွေးနွေးမှုတွေက အရမ်းကောင်းမွန်ခဲ့တယ်လို့ သူက Telegramမှာ ရေးသားထားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ကီလိုမီတာ ၁၂၀၀ လောက် ရှည်လျားတဲ့ ရှေ့တန်းစစ်မျက်နှာပြင် အခြေအနေတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

စစ်ပွဲကို ရပ်စဲနိုင်ဖို့ စစ်မှန်တဲ့ အလားအလာကောင်းမျိုး ရှိနေပြီး အမေရိကန် အစိုးရရဲ့ ကြားဝင် ဖြေရှင်းပေးမှုကလည်း အထူးတလည် အဓိပ္ပါယ် ရှိလာမယ်လို့ သူက ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ NATO ညီလာခံ တစ်ခုမှာ နောက်ဆက်တွဲ ဆွေးနွေးဖို့လည်း သဘောတူခဲ့ကြောင်း ဇီလန်စကီးက အတည်ပြုသွားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ