Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Patriot ဒုံးကျည်တွေ ယူကရိန်း ထုတ်လုပ်ဖို့ ခွင့်ပြုမယ်လို့ ထရမ့်ပြော

Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို ယူကရိန်းကိုယ်တိုင် ထုတ်လုပ်ဖို့ ခွင့်ပြုပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို ယူကရိန်းကိုယ်တိုင် ထုတ်လုပ်ဖို့ ခွင့်ပြုပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ ထိပ်တန်း ဒုံးခွင်းဒုံးတွေ တပ်ဆင်ထုတ်လုပ်ခွင့်အတွက် ယူကရိန်းဆီ လိုင်စင် ခွင့်ပြုပေးသွားမယ်လို့ ထရမ့်က တူရကီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ NATO စစ်မဟာမိတ် ထိပ်သီးညီလာခံမှာ အတည်ပြုသွားခဲ့ပါတယ်။

ဒါဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ ယူကရိန်း အတွက်တော့ အားတက်စရာ အခြေအနေကောင်းတစ်ခု ဖြစ်လာပါတယ်။ ယူကရိန်းဟာ လေကြောင်း ကာကွယ်ရေး ခဲယမ်းမီးကျောက် လိုအပ်ချက်တွေကြောင့် Patriot ဒုံးကျည်တွေကို လိုင်စင်ယူ ထုတ်လုပ်ခွင့်ရဖို့ နှစ်ရှည်လများ တောင်းဆိုနေခဲ့တာပါ။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံရာမှာ ယူကရိန်းအတွက် Patriotတွေ ထုတ်လုပ်ခွင့် လိုင်စင်ကို အမေရိကန်က ပေးအပ်မှာ ဖြစ်ကြောင်း၊ ဒါဆိုရင် အမေရိကန်က ခဲယမ်းတွေ လုံလုံလောက်လောက် မထောက်ပံ့ပါဘူးလို့ ယူကရိန်းလည်း စောဒက တက်လို့ မရတော့ကြောင်း ထရမ့်က ပြောပါတယ်။ Patriotဟာ ကာကွယ်ရေးအတွက် အသုံးပြုတဲ့ စစ်လက်နက် တစ်ခုဖြစ်ပြီး တိုက်စစ်အတွက် အသုံးပြုတဲ့ လက်နက်တွေထက် သူပိုပြီး သဘောကျကြောင်းလည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လိုင်စင်ကိစ္စ အသေးစိတ် အချက်အလက်တွေကိုတော့ ထရမ့်က ထုတ်မပြောခဲ့ပေမယ့် သူနဲ့ ဇီလန်စကီးကြားက အစည်းအဝေးဟာ အရင်ကထက် သိသိသာသာ နွေးထွေးမှုတွေ ရှိလာတာတော့ မြင်သာခဲ့ပါတယ်။ ထရမ့်က ဇီလန်စကီးဟာ အမေရိကန်အပေါ် ကျေးဇူး မသိတတ်ဘူးလို့တောင် တစ်ချိန်တုန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

ထရမ့်က ယူကရိန်းရော၊ ရုရှားပါ ၂၀၂၂ ကတည်းက စတင်လာတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ လိုလားတောင့်တနေကြောင်း ဇူလိုင် ၈ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ပြီး အဲဒီနေ့မှာပဲ သူဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း ဖုန်းဆက် ဆွေးနွေးဦးမယ်လို့ ထရမ့်က ဆိုပါတယ်။

အမေရိကန်ဟာ စစ်ပွဲတွေ အများကြီးကို ပြေငြိမ်းအောင် ညှိနှိုင်းပေးခဲ့ကြောင်း၊ ဒီစစ်ပွဲကလည်း ညှိရတာ အလွယ်ဆုံး တစ်ခုလို့ သူယူဆခဲ့ကြောင်း၊ ဒါပေမဲ့ ပူတင်ဟာ မှန်းဆရ ခက်တဲ့သူ တစ်ဦးဖြစ်သလို ဒီပုဂ္ဂိုလ်ကလည်း မှန်းရခက်တဲ့သူ ဖြစ်ကြောင်း သူနဲ့အတူ ထိုင်နေတဲ့ ဇီလန်စကီးကို ရည်ညွှန်းပြီး ပြောကြားသွားပါတယ်။ ဇီလန်စကီးကလည်း ထရမ့်ဟာ စစ်ပွဲကို ရပ်ဆိုင်းဖို့ အစွမ်းရှိသမျှ လုပ်ဆောင်မယ်ဆိုတာ သူယုံကြည်ကြောင်း စကားဝင်ထောက်ခဲ့ပါတယ်။

သတင်းရင်းမြစ် တချို့ရဲ့ အဆိုအရ ရုရှားရဲ့ တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်မှုကို ရှောင်ဖို့အတွက် ယူကရိန်းဟာ Patriot ဒုံးကျည်တွေကို ပြည်တွင်းမှာ ထုတ်လုပ်မယ့်အစား ဂျာမနီ၊ ဒါမှမဟုတ် တခြားဥရောပ နိုင်ငံတစ်ခုခုမှာ ထုတ်လုပ်ဖို့ စဉ်းစားနေကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ညီလာခံမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စိတ်အပြောင်းအလဲ မြန်ဆန်မှုတွေက အဖွဲ့ဝင် နိုင်ငံတွေအတွက် မျက်စိလည်စရာ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်အနေနဲ့ သဘောတူညီမှု တစ်ခုခုကို ရအောင် မရှာနိုင်ရင် အမေရိကန်က လုပ်လက်စ ကိစ္စတွေကို အပြီးအစီး လက်စသတ်မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အမေရိကန် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုခဲ့ပြီး ဖီဖာကလည်း လိုက်လျောပေးခဲ့ပါတယ်။