Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်လယ်ကွေ့ သုံးနိုင်ငံက အမေရိကန် ပစ်မှတ်တွေကို အီရန် တုံ့ပြန်တိုက်ခိုက်

အမေရိကန်ရဲ့ ရန်လိုမှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ပင်လယ်ကွေ့ဒေသတွင်း နိုင်ငံသုံးခုကို တိုက်ခိုက်ခဲ့ကြောင်း အီရန်က အတည်ပြုခဲ့ပါတယ်။

အီရန်ရှိ ကိုဟက်စတက်ဆိပ်ကမ်း မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

အမေရိကန်ရဲ့ ရန်လိုမှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ပင်လယ်ကွေ့ဒေသတွင်း နိုင်ငံသုံးခုကို တိုက်ခိုက်ခဲ့ကြောင်း အီရန်က အတည်ပြုခဲ့ပါတယ်။

အီရန် စစ်တပ်က ဇူလိုင် ၉ ရက်နေ့မှာ ကူဝိတ်၊ ကာတာနဲ့ ဘာရိန်း နိုင်ငံတွေထဲက အမေရိကန် စစ်ရေးပစ်မှတ် နေရာတွေကို ဒရုန်းတွေ ပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့ကြောင်း ကြေညာပါတယ်။ အီရန်ရဲ့ အကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကလည်း ကူဝိတ်နဲ့ ဘာရိန်းတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစောပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

အီရန် စစ်တပ်ရဲ့ အဆိုအရ ကူဝိတ်မှာရှိတဲ့ အမေရိကန်ရဲ့ Patriot လေကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ်တစ်ခု၊ ကာတာမှာရှိတဲ့ လေကြောင်းကာကွယ်ရေး ကြိုတင်အချက်ပြ စနစ်တစ်ခု၊ ဘာရိန်းမှာရှိတဲ့ အမေရိကန်ရဲ့ လောင်စာဆီ သိုလှောင်ရေးဇုန် တစ်ခုတို့ကို စစ်သုံးဒရုန်း အမျိုးမျိုး စေလွှတ်ပြီး တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် စစ်စခန်းနဲ့ စစ်ရေးပစ်မှတ်တွေကို အီရန်က နောက်ထပ် တိုက်ခိုက်တာတွေလည်း ဖြစ်လာနိုင်တယ်လို့ အီရန်စစ်တပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ အီရန်ကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ ရန်လိုမှုကို ပြန်ပြီး လက်စားချေတာလို့ အီရန်က ဆိုပါတယ်။

အစောပိုင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နှစ်ရက်အတွင်း အမေရိကန်ဟာ အီရန်ပိုင်နက်ထဲက စစ်ရေးပစ်မှတ် ၁၇၀ လောက်ကို ချေမှုန်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒါဟာ ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်းခုတ်မောင်းနေတဲ့ အရပ်ဖက် ရေယာဉ်တွေကို အီရန်က စတင် ရန်မူခဲ့တဲ့အတွက် ဒဏ်ခတ်တာလို့ ထရမ့်က ဆိုပါတယ်။

တူရကီမှာ NATO ညီလာခံ တက်ရောက်ခဲ့ပြီး ဇူလိုင် ၈ ရက်နေ့က မေရီလန်းဆီ ပြန်ရောက်လာတဲ့ ထရမ့်က လေယာဉ်ပေါ်က ဆင်းဆင်းချင်း သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ အီရန်နဲ့ အပစ်ရပ် သဘောတူညီမှု ပြီးဆုံးသွားပြီလို့ ယူဆနိုင်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။ သူက အီရန်ဟာ အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခု ရယူဖို့ အပူတပြင်း ကြိုးစားနေပေမယ့် အခုမှတော့ ဆွေးနွေးမှုတွေက အချိန်ဖြုန်းတာ သက်သက်ပဲလို့လည်း ဝေဖန်သွားပါတယ်။

အီရန်ဟာ အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခု ရယူခွင့်အတွက် ထိုက်တန်ရဲ့လား ဆိုတာတောင် မပြောတတ်တော့ကြောင်း၊ စစ်ရေးအရ အမေရိကန်က အကြီးအကျယ် အောင်ပွဲခံထားပြီး အီရန်မှာ ရွေးစရာ နည်းနည်းပဲ ကျန်တော့ကြောင်း ထရမ့်က ဆိုပါတယ်။ သူက အီရန် အာဏာပိုင်တွေကိုလည်း စိတ်ပျက်စရာ လူလိမ်တွေလို့ ရှုတ်ချသွားပါသေးတယ်။

အမေရိကန်ရဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်မှုတွေအတွင်း ပြည်တွင်းမှာ အနည်းဆုံး လူ ၁၁ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း အီရန်စစ်တပ်နဲ့ ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

အီရန်နဲ့ အပစ်ရပ် သဘောတူညီမှု ပြီးဆုံးသွားပြီဆိုတဲ့ ထရမ့်ရဲ့ စကားကြောင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေအတွက် စိုးရိမ်စရာ ဖြစ်လာသလို နိုင်ငံတကာ လောင်စာဆီ စျေးတွေကလည်း ပြန်ပြီး တက်ရိပ်ပြလာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ထားမှုကနေ ပြန်လည် ရုပ်သိမ်းပေးမယ်လို့ အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ နှစ်ရက်ဆက်တိုက်အဖြစ် အမေရိကန်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တူရကီဆီ F-35 တိုက်လေယာဉ်တွေ ရောင်းချရေး စဉ်းစားပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား တဝိုက်မှာ အရပ်ဖက် ကုန်သွယ်ရေကြောင်း သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန် ပိုင်နက်ထဲက စစ်ရေးပစ်မှတ် တချို့ကို ဗုံးကြဲခဲ့ပါတယ်။

Facebook