Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ဆက်ဆွေးနွေးမှာ ဖြစ်ပေမယ့် အပစ်ရပ် သဘောတူညီမှု ပျက်သွားပြီလို့ ထရမ့်ဆို

အီရန်နဲ့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လက်ခံထားပေမယ့်လည်း နှစ်နိုင်ငံကြား အပစ်ရပ် သဘောတူညီမှုကတော့ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဓာတ်ပုံ - The New York Times

အီရန်နဲ့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လက်ခံထားပေမယ့်လည်း နှစ်နိုင်ငံကြား အပစ်ရပ် သဘောတူညီမှုကတော့ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

အခု သီတင်းပတ်ထဲမှာ အမေရိကန်နဲ့ အီရန်ကြား အရှေ့အလယ်ပိုင်း ဒေသထဲမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့နောက် ထရမ့်က အပစ်ရပ် သဘောတူညီမှု အဆုံးသတ်ပြီလို့ ပြောကြားခဲ့ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာတော့ သူက အဲဒီ သဘောထားကို ထပ်လောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဇွန်လနောက်ပိုင်း အီရန်နဲ့ အမေရိကန်ကြားမှာ တိုက်ရိုက်ဆွေးနွေးမှုတွေ မရှိသေးပေမယ့် အခုသီတင်းပတ် စစ်ရေး ပဋိပက္ခတွေ ပြန်လည် စတင်ခဲ့တဲ့ နောက်မှာတော့ ကာတာအစိုးရဟာ အခြေအနေတွေကို ကြားဝင် စေ့စပ်ပေးဖို့ ကိုယ်စားလှယ် အဖွဲ့တစ်ခုကို အီရန်ဆီ စေလွှတ်ခဲ့တယ်လို့ အီရန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

စစ်ပြေငြိမ်းရေးကိစ္စ ဆွေးနွေးကြမယ့် နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန်နဲ့ အီရန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့နောက် သီတင်းသုံးပတ်လောက် အကြာမှာ တိုက်ခိုက်မှုတွေ ပြန်စလာတာဖြစ်ပြီး အဲဒီနောက် ထရမ့်က အပစ်ရပ် သဘောတူညီမှု ပြီးဆုံးပြီလို့ ခြိမ်းခြောက် ပြောဆိုလာခဲ့တာပါ။

Public Service Announcement

Public Service Announcement

အီရန်က ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ အမေရိကန်ကို တောင်းဆိုထားကြောင်း၊ ဒါကို အမေရိကန်ကလည်း လက်ခံပေးထားကြောင်း၊ ဒါပေမဲ့ မရေမရာ အခြေအနေတွေ ကြားထဲမှာ သေချာတာ တစ်ခုက အပစ်ရပ် သဘောတူညီမှု အဆုံးသတ်ပြီဆိုတာ အမေရိကန်က အီရန်ကို အသိပေးထားပြီး ဖြစ်ကြောင်း ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက တူရကီနိုင်ငံမှာ ကျင်းပခဲ့တဲ့ NATO စစ်မဟာမိတ် ညီလာခံမှာ ထရမ့်က အီရန်နဲ့ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ပြီလို့ စတင် ကြေညာခဲ့ပါတယ်။ အီရန်နဲ့ ဆက်လက်ဆွေးနွေး ညှိနှိုင်းနေတာတွေက အချိန်ဖြုန်းမှု သက်သက်ပဲလို့ သူက ဆိုပါတယ်။

MoU လက်မှတ်ရေးထိုးခဲ့တဲ့နောက် ပြီးခဲ့တဲ့ လတုန်းက ဆွစ်ဇာလန်မှာ အီရန်နဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေကြား တိုက်ရိုက်ဆွေးနွေးမှု တစ်ကြိမ် ရှိခဲ့ပြီး ကာတာမှာလည်းပဲ သွယ်ဝိုက် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေပေမယ့် ထင်ရှားမြင်သာတဲ့ ရလဒ်ပိုင်း တိုးတက်မှုတွေ ရှိမလာသေးပါဘူး။

အပစ်ရပ် သဘောတူညီမှု ပြီးဆုံးပြီဆိုတဲ့ ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို အီရန်အစိုးရက တရားဝင် တုံ့ပြန်တာ မရှိသေးပေမယ့် အီရန်ရဲ့ ညှိနှိုင်းရေးအဖွဲ့ကို အဓိက ဦးဆောင်နေသူ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်ကတော့ စစ်ပွဲဟာ အီရန်က အရှုံးပေးလိုက်ရတယ်ဆိုတဲ့ ပုံစံနဲ့တော့ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူးလို့ သူ့ရဲ့ Telegram အကောင့်မှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက ရယူခဲ့တဲ့ MoU သဘောတူညီချက်တွေကို အမေရိကန်ကသာ ကတိဖောက်ဖျက်ခဲ့မယ်ဆိုရင် အီရန်ကလည်း နိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန် ခုခံဖို့ အသင့်ရှိနေကြောင်း သူက သတိပေးသွားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်ရင် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်လက် ပူးပေါင်းပြီး ကိုင်တွယ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်အပေါ် အပြင်းထန်ဆုံး ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်ကျင့်သုံးမယ်ဆိုတဲ့ အမေရိကန် ခြိမ်းခြောက်မှုဟာ ကြံမိကြံရာတွေ လျှောက်လုပ်နေတယ် ဆိုတာကို ညွှန်ပြပြီး ကျိန်းသေပေါက် ကျရှုံးလိမ့်မယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားတဲ့နောက် အမေရိကန်က အခွန်တိုးမြှင့် စည်းကြပ်မှုတိုင်းကို တူတူညီညီ လက်တုံ့ပြန်သွားမယ်လို့ ကနေဒါ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

ထရမ့်ကို အခွန်(tariff) တိုးကောက်ခွင့် အာဏာအသစ်တွေ ပေးတာဟာ ယူကရိန်းကို ကူညီရာ မရောက်ပါ။