Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေကြီး၊ မြေပြိုမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း ၅၀ ကျော်သေဆုံး

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။

ဓာတ်ပုံ - AFP

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။

အာရှတောင်ပိုင်းမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ပထဝီ အနေအထားအရ မြစ်တွေ ဖြန့်ကျက်စီးဆင်းပြီး မြေနိမ့်ပိုင်း မြစ်ဝှမ်းလွင်ပြင်တွေ ပေါများတာကြောင့် မိုးတွင်းရောက်တိုင်း ရေကြီး၊ မြေပြိုမှုတွေရဲ့ ဒဏ်ကို ခံရလေ့ ရှိပါတယ်။

ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် အဲဒီအခြေအနေတွေက ပိုပြီး ဆိုးရွား ပြင်းထန်လာနေကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာတော့ မိုးသည်းထန်မှုတွေနဲ့ ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့သလို ချက်တိုဂရမ် ဒေသကတော့ အခြေအနေ အဆိုးဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမှာ မြေပြိုမှုတွေအတွင်း လူ ၂၉ ဦး ပိမိပြီး သေဆုံးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ နယ်ခြားစောင့် တပ်ဟာလည်း နိုင်ငံရဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ ရေလွှမ်းမိုးပြီး လမ်းကြောင်းတွေ ပြတ်တောက်ကုန်တာကြောင့် လှေတွေကို သုံးပြီး ရိက္ခာ၊ သောက်ရေနဲ့ တခြား ကယ်ဆယ်ရေး ပစ္စည်းတွေကို ပို့ဆောင်ပေးနေရပါတယ်။

ရေကြီးမှုတွေအတွင်း လူပေါင်း ၃၅၀၀၀ လောက်ဟာလည်း အစိုးရက စီစဉ်ဖွင့်လှစ်ပေးထားတဲ့ ကယ်ဆယ်ရေး စခန်းတွေဆီမှာ သွားရောက် ခိုလှုံနေကြရပါတယ်။

ချက်တိုဂရမ်မှာတော့ ဇူလိုင် ၁၂ ရက်နေ့ထိ အခြေအနေအရ ရေမကျသေးဘဲ အိမ်တွေထဲ ရေဝင်နေတာကြောင့် မိသားစု အများအပြား ဒုက္ခရောက်နေပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်ကလည်း ကော့စ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာ မျိုးနွယ်စုတွေ ခိုလှုံနေရာ ဒုက္ခသည် စခန်းတွေမှာ မြေပြိုမှုတွေ ဖြစ်ပြီး လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ဌာနက နိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေက ရေကြီးမှုတွေဟာ မကြာခင် ရက်ပိုင်းမှာ လျော့ပါး သက်သာလာနိုင်ပေမယ့် မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာတော့ နောက်ထပ် ရက်အတော်ကြာ မိုးသည်းသည်းထန်ထန် ဆက်ရွာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေသင့်ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။