Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ထရမ့် တက်ရောက် အားပေးမယ်လို့ အိမ်ဖြူတော် အတည်ပြု

ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက် အားပေးမယ်လို့ အိမ်ဖြူတော်က အတည်ပြု ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Getty

ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက် အားပေးမယ်လို့ အိမ်ဖြူတော်က အတည်ပြု ကြေညာခဲ့ပါတယ်။

ထရမ့်ဟာ လက်ရှိ ချန်ပီယံ အာဂျင်တီးနား အသင်းနဲ့ ဥရောပထိပ်သီး စပိန်တို့ ယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲစဉ်ကို တက်ရောက်မယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ပြောကြားသွားပါတယ်။

သမ္မတဟာ နယူးယောက်မြို့၊ မက်ဟမ်တန်ရပ်ကွက်မှာရှိတဲ့ Trump Tower အဆောက်အအုံမှာ ပြုလုပ်မယ့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဧည့်ခံပွဲ အစီအစဉ်ကို တက်ရောက်ပြီး အဲဒီကနေတဆင့် နယူးဂျာစီမှာရှိတဲ့ MetLife အားကစားကွင်းကြီးမှာ ဗိုလ်လုပွဲကို သွားရောက် အားပေးမယ်လို့ သူက ဆိုပါတယ်။

ထရမ့်ဟာ အမေရိကန်က ပူးတွဲအိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတလျှောက် တစ်လလုံးလိုလို ပျောက်ချက်သား ကောင်းနေပေမယ့် ဗိုလ်လုပွဲကိုတော့ တက်ရောက်မယ့် သဘောပါ။ ပြီးခဲ့တဲ့ လတုန်းကလည်း ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက ထရမ့်ဟာ ချန်ပီယံ အသင်းကို ဆုဖလား ချီးမြှင့်ဖို့ အစီအစဉ်ရှိတယ်လို့ ထုတ်ပြောဖူးပြီး အခုတော့ အိမ်ဖြူတော်ကပါ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ရှင်နိုင်ငံတွေနဲ့ ဗိုလ်လုပွဲရောက် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ အရင်ကလည်း ဗိုလ်လုပွဲ အခမ်းအနားကို တက်ရောက်လေ့ ရှိပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်မှာ နိုင်ငံခေါင်းဆောင်တွေ ကိုယ်တိုင်က ဆုချီးမြှင့်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ပွဲစဉ် စုစုပေါင်း ၁၀၂ ပွဲ ယှဉ်ပြိုင်ခဲ့ပြီးတဲ့ တလျှောက်လုံး ထရမ့်ရော၊ သူ့ရဲ့ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်ပါ လာရောက်အားပေးတာမျိုး လုံးဝ မမြင်ခဲ့ရပါဘူး။ အခုနှစ် ကမ္ဘာ့ဖလားကို အမေရိကန်က ကနေဒါ၊ မက္ကဆီကိုတို့နဲ့ အတူပူးတွဲပြီး အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တာပါ။ အမေရိကန်အသင်း ကစားတဲ့ ပွဲစဉ်တွေမှာတော့ အမေရိကန် လွှတ်တော်အမတ်တချို့ တက်ရောက် အားပေးတာမျိုးကို တွေ့ခဲ့ရပါတယ်။

အမေရိကန် သမိုင်းမှာ အကြီးကျယ်ဆုံး၊ အအောင်မြင်ဆုံး၊ အလုံခြုံဆုံး၊ လူအများ စောင့်ကြည့်မှု အများဆုံး ကမ္ဘာ့ဖလားဟာ သမ္မတ ထရမ့်ရဲ့ တက်ရောက် အားပေးမှုနဲ့အတူ ပြီးပြည့်စုံစေမယ်လို့ လီယာဗစ်က ဆိုပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ၁၉၉၄ ခုနှစ်တုန်းကလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပါတယ်။

ထရမ့်ဟာ အမေရိကန်မှာ ကျင်းပတဲ့ Super Bowl၊ အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲ၊ ရိုင်ဒါဖလား ဂေါက်ရိုက်ပြိုင်ပွဲ၊ Daytona 500 ကားမောင်းပြိုင်ပွဲ စတာတွေကိုလည်း သူ့ရဲ့ သမ္မတသက်တမ်း နှစ်ကြိမ်အတွင်း တက်ရောက် အားပေးခဲ့ဖူးပါတယ်။

ထရမ့်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတလျှောက် ဘောလုံးကွင်းတွေဆီ လုံးဝ မရောက်ခဲ့ပေမယ့် သူ့ရဲ့ ဝင်ရောက် စွက်ဖက်မှု တစ်ခုက ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံးကို အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့ဖူးပါတယ်။ အနီကတ်ကြောင့် အလိုအလျောက် တစ်ပွဲပယ် ခံထားရတဲ့ အမေရိကန် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ရဲ့ ပြစ်ဒဏ်ကို ပြန်လည် ဆန်းစစ်သုံးသပ်ပေးဖို့ ထရမ့်က ဖီဖာကို တောင်းဆိုခဲ့ပြီး ဖီဖာကလည်း ပြစ်ဒဏ်ကို ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့တာကြောင့် ဝေဖန်သံတွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကနေဒါမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် အမေရိကန်ဖက်မှာ လေထုညစ်ညမ်းနေတဲ့အတွက် အိမ်နီးချင်း နိုင်ငံအပေါ် အခွန်စည်းကြပ်မှုတွေ တိုးမြှင့်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံရဲ့ မြို့တော် တဟီရန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အခေါင်းတစ်ခုထဲ လှဲလျောင်းနေပုံ ရေးဆွဲထားတဲ့ billboard အကြီးကြီး တစ်ခုကို စိုက်ထူထားပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ယှဉ်ရင် တရုတ်နဲ့ ဆက်ဆံရတာကို ကမ္ဘာ့နိုင်ငံ အများအပြားက ပိုမိုလိုလားလာနေကြောင်း သိရပါတယ်။

Facebook