Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောမီးကြောင့် လေထုညစ်ညမ်းတဲ့အတွက် ကနေဒါအပေါ် အခွန်တိုးကောက်ဖို့ စဉ်းစားနေကြောင်း ထရမ့်ခြိမ်းခြောက်

ကနေဒါမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် အမေရိကန်ဖက်မှာ လေထုညစ်ညမ်းနေတဲ့အတွက် အိမ်နီးချင်း နိုင်ငံအပေါ် အခွန်စည်းကြပ်မှုတွေ တိုးမြှင့်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

ဓာတ်ပုံ - The New York Times

ကနေဒါမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် အမေရိကန်ဖက်မှာ လေထုညစ်ညမ်းနေတဲ့အတွက် အိမ်နီးချင်း နိုင်ငံအပေါ် အခွန်စည်းကြပ်မှုတွေ တိုးမြှင့်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန် လွှတ်တော် အမတ်တွေက ကနေဒါဖက်က တောမီးတွေကြောင့် အမေရိကန်နိုင်ငံ မြောက်ပိုင်း ဒေသတွေရဲ့ လေထုထဲမှာ မီးခိုးတွေ ရောနှောပါဝင်လာတာကို ဝေဖန်နေတဲ့နောက် ထရမ့်ဆီက အခုလို ခြိမ်းခြောက်မှု ထွက်ပေါ်လာခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုဟာ ညစ်နွမ်းတဲ့၊ မသန့်ရှင်းတဲ့၊ ကျန်းမာရေးအတွက် အသင့်တော်တဲ့ လေထု ကျူးကျော်မှုမျိုးကို ကြုံနေရကြောင်း ဇူလိုင် ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စမှာ ကနေဒါဖက်က စိတ်လိုလက်ရ ပေါ့ဆမှုတွေ ရှိနေတာကြောင့် အခွန်စည်းကြပ်မှု အသစ်တွေနဲ့ အရေးယူဖို့ စဉ်းစားနေကြောင်း ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန်ဆီ တင်သွင်းတဲ့ ကုန်စည်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ် ကောက်ခံတာဟာ မိတ်ဖက် နိုင်ငံတွေကိုရော၊ ပြိုင်ဘက် နိုင်ငံတွေကိုပါ ဖိအားပေးရာမှာ ထရမ့်ရဲ့ သည်းခြေကြိုက် ဗျူဟာတစ်ခု ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၇ ရက်နေ့ထိ အခြေအနေအရ ကနေဒါရဲ့ နေရာပေါင်း ၈၈၈ ခုမှာ တောမီးတွေ ပျံ့နှံ့ လောင်ကျွမ်းနေပါတယ်။ အများစုက ထိန်းချုပ် ငြှိမ်းသတ်နိုင်တဲ့ အခြေအနေ မရှိသေးဘဲ ဆက်လက် တောက်လောင်နေဆဲလို့ ကနေဒါ မီးသတ်တပ်ဖွဲ့က ကြေညာထားပါတယ်။

ထရမ့်က ကနေဒါ နိုင်ငံဟာ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အသစ်တစ်ခု ဖြစ်လာသင့်တယ်ဆိုတဲ့ အငြင်းပွားစရာ မှတ်ချက်စကားကို ပြောခဲ့ဖူးသူပါ။ လက်ရှိ ကနေဒါ တောမီးကိစ္စကို အကြောင်းပြုပြီး အာဏာရ ရီပတ်ဘလစ်ကန် ပါတီရဲ့ အမတ်တချို့က ထရမ့်ပြောခဲ့တဲ့ အဲဒီစကားကို ပြန်အစဖော်လာတာတွေလည်း ရှိနေပါတယ်။

ထရမ့်က သူဟာ တောမီးတွေ ဆိုးဆိုးရွားရွား လောင်ကျွမ်းနေတဲ့ ကိစ္စမှာ ကနေဒါရဲ့ စိတ်လိုလက်ရ ပေါ့ဆမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးဆီ ဖုန်းဆက်မယ်လို့လည်း လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။ ကနေဒါဟာ သစ်တောတွေကို စနစ်တကျ ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ထရမ့်က စွပ်စွဲထားပါတယ်။

အစောပိုင်းမှာ ကာနေးကတော့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေကို တားဆီးတိုက်ဖျက်ဖို့ ဆိုတာဟာ နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ တာဝန်ဖြစ်တယ်လို့ ပြောကြားဖူးပါတယ်။

ကနေဒါ မီးသတ်ဌာနရဲ့ အဆိုအရ ဟက်တာပေါင်း ၃ သန်းနီးပါး ကျယ်ဝန်းတဲ့ သစ်တောမြေတွေကို တောမီးကြောင့် ဆုံးရှုံးထားရပြီးဖြစ်ကြောင်း သိရပါတယ်။ တောမီးကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးတွေဟာ အမေရိကန် ပြည်နယ်တွေဖြစ်တဲ့ မင်နီဆိုးတား၊ မစ်ချီဂန်၊ ပင်ဆယ်လ်ဗေးနီးယား၊ အိုဟိုင်ယိုနဲ့ နယူးယောက်ထိ ရောက်ရှိခဲ့ပါတယ်။ နေရာ အတော်များများမှာလည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ လေထု သတိပေးချက်တွေ ထုတ်ပြန်ထားပြီး အကျိုးဆက် အနေနဲ့ လေဟာပြင်မှာ ပြုလုပ်မယ့် အခမ်းအနားတွေ၊ အစီအစဉ်တွေ အများအပြားကို ဖျက်သိမ်းခဲ့ရပါတယ်။

ကနေဒါမှာ တောမီးပေါင်း ၁၉၀ လောက် ပျံ့နှံ့ လောင်ကျွမ်းနေတဲ့ အွန်တေရီယို ပြည်နယ်ကို တာဝန်ယူထားသူ အုပ်ချုပ်ရေးမှူး ဒေါက်ဂ်ဖို့ဒ်ကတော့ အမေရိကန် အမတ်တွေ အနေနဲ့ အခုကိစ္စမှာ စောဒက တက်နေမယ့်အစား တောမီးငြှိမ်းသတ်ရေးအတွက် အကူအညီတွေ ပေးပို့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တောမီးတွေ လောင်ခဲ့တုန်းက၊ မြောက်ပိုင်း ကာရိုလိုင်းနားမှာ ဟာရီကိန်း မုန်တိုင်းတွေ တိုက်ခတ်ခဲ့တုန်းက ကနေဒါကလည်း အကူအညီတွေ ပေးပို့ခဲ့ဖူးတာကို သူက ထောက်ပြခဲ့ပါတယ်။

ဒီတော့ စောဒက တက်နေကြမယ့်အစား ကနေဒါရဲ့ အားထုတ်မှုတွေကို ထောက်ခံပေးမယ်ဆိုရင်၊ အကူအညီတွေ ပေးပို့ပေးမယ်ဆိုရင် ပိုကောင်းမယ် ထင်ကြောင်း၊ ကနေဒါ ကိုယ်တိုင်က အမေရိကန် မိတ်ဆွေတွေအတွက် အဲဒီအတိုင်း လုပ်ပေးခဲ့ဖူးတာကို အမှတ်ရစေချင်ကြောင်း ဖို့ဒ်က ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက် အားပေးမယ်လို့ အိမ်ဖြူတော်က အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်း

"တရုတ်နိုင်ငံက အရမ်းအင်အားကြီးနေပြီ၊ ဘယ်သူမှ မယှဉ်နိုင်တော့ဘူး" ဆိုတဲ့ အမြင်ဟာ ဒီနေ့ကမ္ဘာမှာအတော်လေးကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ၊ ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်လုပ်ရေး နိုင်ငံ၊ နည်းပညာနဲ့ စစ်အင်အား ကိုလည်း အရှိန်အဟုန်နဲ့ တိုးချဲ့နေတဲ့ တရုတ်နိုင်ငံကို ကြည့်လိုက်ရင် အဲဒီအမြင်က အကြောင်းမဲ့တော့ မဟုတ်ပါဘူး။

နိုင်ငံတကာ

အီရန်နိုင်ငံရဲ့ မြို့တော် တဟီရန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အခေါင်းတစ်ခုထဲ လှဲလျောင်းနေပုံ ရေးဆွဲထားတဲ့ billboard အကြီးကြီး တစ်ခုကို စိုက်ထူထားပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Facebook