Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ ဒရုန်း ၁စီးသိမ်းရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

(တိုက်ပွဲတွေအတွင်း သိမ်းရတဲ့ ဒရုန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - မြင်းခြံခရိုင် တပ်ရင်း (၄-၁၀)

ဇူလိုင်-၁၈၊၂၀၂၆၊ကတ်သရင်းနှင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၇ ရက် မနက် ၈နာရီခန့်က နွားထိုးကြီးမြို့နယ်၊ပြင်စည်ရဲစခန်း၊ပြင်စည် စာသင်ကျောင်းနဲ့ ထိမ္ဘလားရွာ(အမြန်လမ်းလုံခြုံ ရေးတပ်စခန်း)တို့ကို မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ပြောက်ကျားနည်းနဲ့ ဝင် ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။တပြိုင်နက် ခက်လန်းရွာရှိ စစ်ကောင်စီတပ်သား တွေကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ တွေပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်သား ၅ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရကာ ဒရုန်း ၁စီးသိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲက တော့အဓိကက ပြင်စည်တိုက်ပွဲနဲ့ ထိမ္ဘလားတိုက်ပွဲဘက်မှာ စကစ သေဆုံးမှုများတာပါ”လို့မြင်းခြံခရိုင် တပ်ရင်း (၄-၁၀)တပ်ရင်းမှူး ကိုစိုးအောင်က ပြောပါတယ်။

တိုက်ပွဲအပြီးမှာ စစ်တပ်က လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်တာ တွေရှိသလို အမြန်လမ်းပိုင်းက နေ အင်အားဖြည့်တင်းတာ တွေလည်းရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် အမှတ်(၃၀) ရှိ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အ​နောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(မတ္တရာပကဖ)ကဇူလိုင် ၁၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ရွှေ့ကူမှာလည်း စစ်တပ်စခန်းတွေ သိမ်းပိုက်နိုင်ဟု သတင်းရင်းမြစ်ပြော