ဇူလိုင်-၂၀၊၂၀၂၆။ဖိုးသား/People’s Spring
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ကမိထ္ထီလာရှမ်းတဲလ်လေတပ်စခန်းက ဂျက်ဖိုက်တာ ၄ စီး နဲ့ ဗုံးကြဲတာအပြင်ပခုက္ကူ တပ်မ ၁၀၁ ကတက်လာတဲ့ Mi 35 ရဟတ်ယာဉ် နဲ့ စခန်းပတ်ဝန်းကျင်ကို Rocket ၊ ပွိုင့် ဖိုက်တွေသုံးပြီး ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ စခန်းတိုက်ခိုက်ခဲ့ပေမဲ့ကျွန်တော်တို့ ရဲဘော်တွေအထိအခိုက်မရှိခဲ့ပေမယ့် စခန်းကတော့ အဆုံးအရှုံး များခဲ့ရပါတယ် ။ အဲဒီ ဆုံးရှုံးမှု့ကိုအံ့တု ပီး အခက်ခဲ ကြားကနေကျနော်တို့မပြီးပြတ်သေးတဲ့တော်လှန်ရေးကိုဆက်လက်တိုက်ပွဲဝင်သွားအုံးမှာပါ”လို့ YRG အဖွဲ့တာ၀န်ခံ ကိုပါးသိုင်းကပြောပါတယ်။

Public Service Announcement
ကားနှစ်စီး၊ ဒရုန်း၊ သေနတ်ခြောက်လက် နဲ့ ဆက်စပ်ခဲယမ်း တွေအပါအ၀င် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ YRG ကအသိပေးပါတယ်။
ဒါကြောင့်အဖွဲ့အစည်းပြန်လည်တည်ထောင်ဖို့အတွက် ကူညီပေးကြဖို့လည်း ကိုပါးသိုင်းကမေတ္တာရပ်ခံပါတယ်။
ရေစကြို နဲ့ ပခုက္ကူမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းနဲ့ ကင်းစခန်း တွေကို တိုက်ခိုက်ခဲ့တဲ့ Southern Yesagyo တပ်ပေါင်းစုမှာ YRG အဖွဲ့ပါ၀င်ပါတယ်။
ဒါ့အပြင်မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း (၃)မှာSouthern YSO PDF၊ဒေါင်းညီနောင် PDF၊ပြည်သူ့အားမာန်PDF၊King Cobra၊ဒေါင်းစစ်သည်၊Golden Eagle၊Ayeyarwaddy Revolution Force တို့နဲ့အတူ Yesagyo Revolution Group (YRG)ကို အခုနှစ် မေလက ဖွဲ့စည်းထားပါတယ်။
ရေစကြိုမြို့နယ်မှာ စစ်တပ် ပင်မအခြေစိုက် စခန်းသုံးခုရှိပြီး မြို့အနောက်ဘက်နှစ်မိုင်၀န်းကျင်အကွာ ဖူလုံရွာအနီးမှာ အမှတ်(၂၅၆)၊(၂၅၇)၊(၂၅၈) ခြေလျင်တပ်ရင်းတွေရှိပါတယ်။ဒါ့အပြင် ပခုက္ကူမြို့နယ်နဲ့ ဆက်စပ်နေတာကြောင့်လည်း တပ်မ ၁၀၁ ကနေ ရေစကြိုမြို့နယ်ကို မကြာခဏ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်တာရှိပါတယ်။

















































