Connect with us

Hi, what are you looking for?

သတင်း

ပုဇွန်တောင်မှာ အမျိုးသား ၁ဦး သံပန်းဘာဂျာတံခါးညပ်ပြီး သေဆုံး

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဓာတ်ပုံ - ArrPuu Tuu

ဇူလိုင်-၂၃၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

“သေဆုံးသူမှာ အပေါ်ဆုံးထပ်တွင် နေထိုင်သူဟု သိရပါတယ်။သော့ကျန်ခဲ့လို့ ရသလို ကျော်ဝင်ရင်း ဖြစ်သွားတယ် ထင်ပါတယ်” လို့ ကိုပူတူးက ရေးသားထားပါတယ်။

ဒီဖြစ်စဉ်ဟာ ဒီကနေ့(ဇူလိုင်၂၃) နံနက်မှာသွားရောက်ကူညီခဲ့တာဖြစ်ပြီး အင်္ကျီဝတ်မထားတဲ့အမျိုးသားက ပိတ်ထားတဲ့ သံပန်းဘာဂျာ တံခါးကို အလယ်ကကျော်ဝင်ရင်း ဘာဂျာတံခါးကြားမှာ ဦးခေါင်းညပ်ပြီးသေဆုံးနေတာကို အခင်းဓာတ်ပုံတွေမှာ တွေ့မြင်ရပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်စဉ်က ညနက်ပိုင်းမှာ ဖြစ်တာကြောင့် အနီးအနားက ကူညီမယ့်သူမရှိတာဖြစ်နိုင်တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက မှတ်ချက်ရေးသားထားကြပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ ကိုပူတူးက အသိပေးထားပါတယ်။

ရန်ကုန်မြို့က တိုက်ခန်းတွေမှာ ခိုးဆိုးလုယက်မှူတွေ မကြာခဏ ကြုံနေရတာကြောင့် ပြည်သူတွေက လုံခြုံရေးအတွက် တိုက်ခန်း အောက်ဆုံးထပ်မှာ သံပန်းဘာဂျာတံခါးတွေကို သော့ပိတ်နေကြရတာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။