Connect with us

Hi, what are you looking for?

သတင်း

သံတွဲကို စစ်တပ် ဗုံးဆက်ကြဲလို့ ကလေးငယ်အပါအဝင် မိသားစုလိုက်သေဆုံး

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

(ရွှေလှေရွာကို စစ်တပ်ရဲတိုက်လေယာဉ် ၂စီးက ဗုံး ၃လုံး ကြဲချခဲ့တာ​ကြောင့်​သေဆုံးသူ​တွေရဲ့ရုပ်အ​လောင်းကိုထုတ်ယူစဥ်နဲ့ အပျက်စီးမှုများ။ ဓာတ်ပုံ - AA Info desk၊APM)

ဩဂုတ်-၁၊၂၀၂၆။ထားမြတ်/People’s Spring

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

ဇူလိုင် ၃၁ရက် ညနေပိုင်းမှာ ရွှေလှေရွာကို စစ်တပ် လေယာဉ် ၂စီးက ဗုံး ၃လုံး ကြဲချခဲ့ရာ စျေးဆိုင်တစ်ဆိုင် အနီးကျရောက်ပေါက်ကွဲပြီး ဆိုင်ရှင်လင်မယား ၂ဦးနဲ့ ဝန်ထမ်းအမျိုးသမီး ၁ဦး ပွဲချင်းပြီးသေဆုံးခဲ့​ကြောင်းအသိပေးပါတယ်။

(ရွှေလှေရွာကို စစ်တပ်ရဲတိုက်လေယာဉ် ၂စီးက ဗုံး ၃လုံး ကြဲချခဲ့တာ​ကြောင့်​သေဆုံးသူ​တွေရဲ့ရုပ်အ​လောင်းကိုထုတ်ယူစဥ်နဲ့ အပျက်စီးမှုများ။ ဓာတ်ပုံ – AA Info desk၊APM)

ဒဏ်ရာရခဲ့တဲ့ဆိုင်ရှင်ရဲ့သား ၁နှစ် ၄လအရွယ် ကလေးငယ်ဟာလည်း ဗုံးစထိမှန် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရာ ဆေးရုံ ပို့ဆောင်စဉ် လမ်းခုလတ်မှာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် စျေးဆိုင်အနီးဝန်းကျင်က ပြည်သူ ၂ဦးလည်း ဒဏ်ရာရရှိခဲ့သလို လူနေအိမ်၊ ဈေးဆိုင်နဲ့ ကား၊ ဆိုင်ကယ်အချို့ ပျက်စီးမှု ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ဟာ ဇူလိုင် ၂၇ရက်ကလည်း သံတွဲမြို့နယ် လင်းမူတောင်ကျေးရွာအနီးရှိ ယခင် “ကျောက်ခွဲစက်ရုံဟောင်း” ရှိသောနေရာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်တပ်ဟာ တော်လှန်ရေးလက်နက်ကိုင်တပ်တွေကို ဖိအားပေးလိုတာရှိပါက အရပ်သားပြည်သူနေထိုင်ရာ တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ကျူးလွန်မှုတွေ အရင်ကလည်း ရှမ်းမြောက်က တအာင်း၊ ကိုးကန့်ဒေသမှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတဝန်း စစ်မျက်နှာအသီးသီးမှာ အထိနာခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ အဲဒီလို အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ပြီး သက်ဆိုင်ရာဒေသရှိ လက်နက်ကိုင်တော်လှန်ရေးတပ်တွေနဲ့ အပစ်ရပ်ကာ စစ်မျက်နှာနည်းအောင် လုပ်ဆောင်နေတာကိုလည်း တအာင်းနဲ့ ကိုးကန့်ဒေသ ဖြစ်စဉ်တွေမှာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့