Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးနဲ့ မတ္တရာက စစ်ရှောင်တွေ စားနပ်ရိက္ခာ အကူညီလိုအပ်နေ

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

(မတ္တရာမြို့နယ်အရှေ့ခြမ်းက စစ်ဘေးရှောင်များ။ ဓာတ်ပုံ - CJ)

ဩဂုတ်-၃၊၂၀၂၆၊ကတ်သရင်း/People’s Spring

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေဟာ ပြီးခဲ့တဲ့၂၀၂၅ ဩဂုတ်က စစ်တပ်ပြန်လည်ဝင် ရောက်စဉ်ကတည်းက ရှောင်တိမ်းနေရပြီး ယခုဆို ၁နှစ်နီးပါးကြာမြင့်ကာ တိမ်းရှောင်နေရတာလို့ သိရပါတယ်။

“မတ္တရာ အရှေ့ခြမ်းက တော့ရွာ ပေါင်းစုံပါပဲဗျ။အဓိက ဆန်၊ဆီ၊ဆားနဲ့ဆေးဝါးရိက္ခာလိုအပ်နေတယ်လို့ကျွန်တော်တို့လည်းသိရတယ်။အလှူရှင်တွေလည်းလာတော့လာတယ်သူတို့ဘက်ကိုမရောက်တာတဲ့”လို့ မန္တလေးကမြေ ပြင်ကင်း ထောက်အဖွဲ့ Voice Of Mandalay ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်တွေကို ကူညီလိုပါက Voice Of Mandalay ကတဆင့်လည်း လာရောက်ကူညီနိုင်ကြောင်း အဖွဲ့က ကြေညာထားပါတယ်။

အလားတူ စဉ့်ကူးမြို့နယ် အနောက်ခြမ်းက သဲအင်း၊ကျွန်းကြီး၊ကျွန်းတော်၊ဟင်္သာမ၊ကြက်တူရွေး၊‌‌မြစ်ကမ်းကြီး ကျေးရွာ တွေမှာလည်း နေအိမ်တွေ မီးရှို့ခံထားရကာယ နေ့အထိ စစ်ဘေးရှောင် နေရတာမို့ အခက်အခဲနဲ့ရင်ဆိုင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျန်းမာ ရေးကိစ္စဘယ်သူက တွေးနိုင်မှာလဲ။အခုက ထမင်းစားဖို့ တောင်အနိုင်နိုင်ဖြစ် နေကြပြီ။ရေတက်တဲ့ကာလဆိုတော့ စစ်တပ်က ဗုံးချရင် တောင်ထွက် ပြေးဖို့ စက်ဆီဖိုးမရှိတဲ့အိမ် တွေရော၊ဖြစ်သွားလည်းဘယ်တက်နိုင်မလဲ။အကုန်ဒုက္ခတွေရောက်ကြတာပါ”လို့ ဒေသခံ တွေက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာတွေဘက်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာ၊လက်နက်ကြီးနဲ့ပစ်တာတွေကြောင့် ပြည်သူသေဆုံးတာတွေရှိနေလို့ ပြည်သူတွေဟာ ကျေးရွာတွေက‌ ရှောင်တိမ်းနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။