Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ်မှာ တံငါသည်လှေတွေကို စစ်တပ်ပစ်ခတ်လို့ တံငါသည် ၁ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊မြစ်ကမ်းကြီးကျေးရွာရဲ့ အနောက်ဘက်မြစ်အတွင်းကတံငါသည်တွေကို စစ်တပ်က ပစ်ခတ်လို့ တံငါသည် ၁ဦး သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

(စဉ့်ကူးမြို့မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ)

အောက်တိုဘာ-၂၁၊၂၀၂၆။ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊မြစ်ကမ်းကြီးကျေးရွာရဲ့ အနောက်ဘက်မြစ်အတွင်းကတံငါသည်တွေကို စစ်တပ်က ပစ်ခတ်လို့ တံငါသည် ၁ဦး သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အောက်တိုဘာ ၂၁ရက် ဒီနေ့၊နေ့လည်၂နာရီခန့်မှာ မြစ်ကမ်းကြီး ကျေးရွာအနောက်ဘက်က ကျေးရွာတွေကို စစ်ဘေးရှောင်နေရတဲ့ပြည်သူ တွေဟာ ကျေးရွာရဲ့ အနောက်ကမြစ်အတွင်းကို တံငါသွားလုပ်တာလို့ သိရပါတယ်။

အဲဒီအချိန် မြစ်ကမ်းကြီးရွာရဲ့ အရှေ့ဘက်က သဲအင်းရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ကင်းလာလှည့်ချိန်နဲ့ တွေ့ပြီး တံငါသည်တွေကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ပစ်တာမှန်း တိုက်ပွဲဖြစ်နေသလိုကို ပစ်တာ။အနောက်ဘက်က ကျွန်းပေါ်အထိ ကျည် တွေကျတယ်။တံငါသည်တယောက် ခြေထောက်မှန်တယ်။လူအရိပ်ယောင် တောင်မမြင်ချင်ဘူးဆိုပြီး ရွာအနားဘယ်သူ့မှကိုအကပ်မခံဘူး။တံငါသည် တွေကလည်း စစ်ရှောင်ရတာကြာတော့ စား ရေး သောက်တာခက်ခဲပြီး အဲဒီနားကငါးပိုရတယ်ဆိုပြီးရွာ အခြေကို ကပ်လုပ်ကြလို့အပစ်ခံရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြစ်ကမ်းကြီးကျေးရွာဟာ တံငါသည်လုပ်အသက် မွေးဝမ်းကြောင်းပြုသူများပြီး မန္တလေးတိုင်းအတွင်းက ဧရာဝတီလင်းပိုင်ထိန်းသိမ်း ရေး ပြုလုပ်တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်ကလည်း ဒီရွာနဲ့တစ်အုပ်စုတည်းဖြစ်တဲ့ မြစ်ကမ်းကြီးရွာရဲ့ အနောက်ဘက်က စဉ့်အိုးကျွန်း ပေါ်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးချတာကြောင့် ပြည်သူ ၃ဦး သေဆုံးခဲ့ပြီး ၁ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

သတင်း

စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် လူနေကျေးရွာတွေနဲ့ မြို့ပေါ်တွေကို Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။