Connect with us

Hi, what are you looking for?

သတင်း

ဆစ်ဒနီမှာ ပွဲဦီးထွက်အောင်မြင်ခဲ့တဲ့ မောင်မောင်‌ဇော်လတ် နဲ့ ယုဇန တို့ရဲ့ Together For Tomorrow

ဖျော်ဖြေပွဲစင်မြင့်တွေမှာ မမြင်ရတာကြာပြီဖြစ်တဲ့ အဆိုတော် မောင်‌မောင်ဇော်လတ် ပါဝင်တဲ့ ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဩဂုတ်လ ၁ ရက်ကပြုလုပ်ခဲ့ပါတယ်။

ဩဂုတ်-၃၊၂၀၂၆။ဆဏ်း/People’s Spring

ဖျော်ဖြေပွဲစင်မြင့်တွေမှာ မမြင်ရတာကြာပြီဖြစ်တဲ့ အဆိုတော် မောင်‌မောင်ဇော်လတ် ပါဝင်တဲ့ ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဩဂုတ်လ ၁ ရက်ကပြုလုပ်ခဲ့ပါတယ်။

ဒီပွဲက မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့နေရာတွေကို ကူညီပေးဖို့ ရည်ရွယ်တာဖြစ်ပြီး မောင်မောင်ဇော်လတ်နဲ့ယုဇန တို့ နှစ်ယောက်ဖျော်ဖြေပွဲပါ။ လက်မှတ် သုံးရာ ရောင်းချပေးခဲ့တာ ဖြစ်ပြီး လက်မှတ်အားလုံးနီးပါးရောင်းကုန်ခဲ့တယ်လို့ ပွဲစီစဉ်တဲ့ Together For Tomorrow ကကြေညာထားပါတယ်။

“ဒီပွဲလေး ဘာလို့ဆိုဖြစ်တုန်း ။ အကြောင်းတရားတွေ‌ဆုံလာလို့ပေါ့နော်။ အကြောင်းတရားတွေ အများကြီးရှိပါတယ်။ အများကြီးမိုလို့ ကျွန်တော်မပြောတော့ဘူး။ ဒါပေမယ့် အဲဒီ့အထဲကတစ်ခုက ဘာလဲဆိုတော့ ကျွန်တော့်ကျန်းမာရေး Recovery ပြန်ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်လုပ်နိုင်တဲ့ အချိန်မှာ လုပ်နိုင်တာလေး လုပ်ပေးမယ်ဆိုတဲ့ စိတ်တစ်ခုပေါ့။အဲဒါပြီးတော့ ဒီအချိန်မှာ အရင်ကတွေထက် ပိုပြီးတော့လိုအပ်တယ်လို့ ထင်လို့ ကျွန်တော်လာတာ။” လို့မောင်မောင်ဇော်လတ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖျော်ဖြေပွဲ စင်မြင့်ပေါ်မှာ မသီဆိုတာ နှစ်နှစ်ဆယ်ကျော်ပြီဖြစ်တာကြောင့် ရင်ခုန်တယ်လို့ ပွဲအစမှာ မောင်မောင်ဇော်လတ်ကပြောခဲ့ပါတယ်။

ဒီပွဲကိုသွားရောက်ကြည့်ရှုသူတွေက သူတို့ကြိုက်တဲ့ သီချင်း ဖျော်ဖြေမှုတွေကို လူမှုကွန်ရက်မှာ မျှဝေထားကြတာကိုလည်းတွေ့ရပါတယ်။

ဧည့်သည်အဆိုရှင်တွေ အနေနဲ့ မင်းမော်ကွန်းနဲ့ ထားထက်ထက် တို့ပါဝင်သီဆိုကြတာကိုလည်းတွေ့ရပါတယ်။

“ကိုယ်တွေဘက်မှာ မောင်မောင်ဇော်လတ်လိုလူမျိုးပါတာအားရှိတယ်။ အေဘီစီဒိမသိတဲ့ကောင်တွေလိုမျိုး ဆယ်ယောက်လောက်အသာပေးလို့ရတယ်။”လို့ ပြည်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

ဒီပွဲကိုလာရောက်အားပေးတဲ့ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ပွဲစီစဉ်သူတွေအပါအဝင် ဝိုင်းဝန်းကူညီပေးသူတွေကိုလည်း ကျေးဇူးတင်ကြောင်း မောင်မောင်ဇော်လတ်ကပြောပါတယ်။

တော်လှန်ရေးရန်ပုံငွေပွဲတွေရဲ့ ထုံးစံအတိုင်း အစားအသောက်ရောင်းချတာတွေလည်းရှိခဲ့ပြီး မုန့်ဟင်းခါး နဲ့ ဝက်သားတုတ်ထိုးကောင်းတယ်လို့ မောင်မောင်ဇော်လတ်က ချီးကျူးခဲ့ပါတယ်။

ပရိသတ်တွေထဲကနေ ဖာလူဒါကောင်းမကောင်း မေးမြန်းချိန်မှာတော့ “ဖာလူဒါ မသောက်လို့ရဘူး” လို့ ဖြေခဲ့တာကို ပရိသတ်တွေသဘောကျခဲ့ပါတယ်။

ဒီပွဲမှာ မောင်မောင်ဇော်လတ်နဲ့ ယုဇန တို့က သူတို့ရဲ့ နာမည်ကြီး တေးသီချင်းတွေနဲ့ ဖျော်ဖြေပေးခဲ့ပြီး နှုတ်ဆက်သီချင်းအနေနဲ့ ပါဝင်တဲ့ အနုပညာရှင်တွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်တဲ့ ခွန်အားဖြည့် မိငယ် သီချင်းကို သီဆိုခဲ့ပါတယ်။

ဧည့်သည်အဆိုရှင်မင်းမော်ကွန်းက မောင်မောင်ဇော်လတ်နဲ့အတူ ဒီးဒိုဒီး သီချင်းမှာပါဝင်ဖျော်ဖြေပေးခဲ့ပြီး ထားထက်ထက်က သီချင်းသစ်တစ်ပုဒ်ကို ယုဇန နဲ့အတူ သိ‌ဆိုခဲ့တာပါ။

ဒါ့အပြင် ဒီပွဲမှာ မောင်မောင်ဇော်လတ် တီးခတ်ခဲ့တဲ့ ဂစ်တာကို လေလံအစီအစဉ်ပြုလုပ်ခဲ့တာ ‌ဩစတေးလျဒေါ်လာ ၆၆၀၀ နဲ့ လေလံအောင်ခဲ့တယ်လို့ သိရပါတယ်။

မောင်မောင်ဇော်လတ် နဲ့ ယုဇန တို့ရဲ့ Together For Tomorrow ဖျော်ဖြေပွဲတွေကို စက်တင်ဘာ ၅ ရက်မှာ မဲလ်ဘုန်းမြို့ နဲ့ စက်တင်ဘာ ၁၂ ရက်မှာ Brisbane မြို့တွေမှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook