Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်နဲ့ ဩစတေးလျက တော်လှန်အနုပညာရှင်တွေရဲ့ ‌ဖျော်ဖြေပွဲများ

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

စက်တင်ဘာ-၁၂၊၂၀၂၆။ဆဏ်း/People’s Spring

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

The Distant Cafe အဖွဲ့သားတွေရဲ့ အဝေးရောက် နတ်မင်းများ ဂီတ နဲ့ သရော်ပြဇာတ် ဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို Bay Area မှာပြုလုပ်မှာဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲမှာ The Distant Cafe အဖွဲ့သားတွေနဲ့အတူ ဇာတ်မင်းသားကြီး မိုးမင်းလည်း ပါဝင်တင်ဆက်သွားမှာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီဖျော်ဖြေပွဲက အဆိုတော်တွေကို သီချင်းသီဆိုတာ တင်မဟုတ်ပဲ ပြဇာတ်အစီအစဉ်မှာပါ တွေ့ရမှာဖြစ်ပါတယ်။

မိုးမင်းက နတ်ပင့်ဦးကြီး၊ Cobra က ဦးရှင်ကြီး၊ ကျော်သီဟ က ပန်းပဲမောင်တင့်တယ် ၊ Generation Z နတ်တွေအနေနဲ့ လီယို ၊ မက်ခ်ဂျက်ဆင်၊ ရက်ပ်ဆဲ၊ တရားမျှတမှုနတ်သမီးအနေနဲ့ အိန်ဂျယ်လမုံ တို့ကတင်ဆက်ပေးမှာပါ။

ရန်ရန်ချန်းကတော့ သီချင်းတွေ သီဆိုသွားမှာဖြစ်ပြီး လင်းထက်ကတော့ သံချပ်အစီအစဉ်မှာ သံချပ်တိုင်ပေးသူအဖြစ် တွေ့မြင်ရမယ်လို့ အသိပေးထားပါတယ်။

ဧည့်သည်အနုပညာရှင်တွေအနေနဲ့ တူးတူး ၊ ဇယံဓ နဲ့ အေးအေးခိုင်တို့ ပါဝင်မယ်လို့ သိရပါတယ်။

ဒီဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံရဲ့ တခြားမြို့တွေမှာလည်း ပြုလုပ်သွားဖို့ ရှိပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေထဲကနေ မြန်မာပြည်ရဲ့ လိုအပ်တဲ့နေရာတွေကို ကူညီပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

နောက်တစ်ပွဲကတော့ လူသားချင်းစာနာမှု ရန်ပုံငွေပွဲအနေနဲ့ ပြုလုပ်မယ့် နယူးယောက်မြို့က Rဇာနည်နဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ ဖျော်ဖြေပွဲပါ။

ဒီပွဲကို အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ အခက်အခဲကြောင့် ဖြူဖြူကျော်သိန်း လူကိုင်တိုင် မလာရောက်နိုင်ပေမယ့် အွန်လိုင်းကနေ ဖျော်ဖြေသွားမယ်လို့ အသိပေးထားပါတယ်။

ဒီပွဲမှာ အဆိုတော် Mသီဟ နဲ့ ခင်စုစုနိုင်တို့လည်း ဧည့်သည်အဆိုရှင်အနေနဲ့ ပါဝင်ဖျော်ဖြေပေးမယ်လို့ ကြော်ငြာထားပါတယ်။

တတိယပွဲကတော့ ဩစတေးလျနိုင်ငံ Brisbane မြို့မှာ ပြုလုပ်မယ့် မောင်မောင်ဇော်လတ်နဲ့ ယုဇန တို့ရဲ့ Together For Tomorrow ဖျော်ဖြေပွဲပါ။

ဒီပွဲကို ဆစ်ဒနီ နဲ့ မဲလ်ဘုန်း မြို့တွေမှာလည်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖျော်ဖြေပွဲတွေ ဖြစ်ခဲ့တာပါ။

အရင်ပွဲတွေမှာ မင်းမော်ကွန်း ထားထက်ထက်တို့ ပါဝင်ခဲ့ကြပြီး ဒီနေ့ပွဲမှာလည်း ဧည့်သည်အဆိုရှင်တွေ ပါဝင်မယ်လို့ ကြော်ငြာထားပါတယ်။

ဒီပွဲကလည်း မြန်မာပြည်က လိုအပ်နေတဲ့ နေရာတွေအတွက် ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကမ္ဘာကျော် 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးအတွင်း ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှုစင်တာ (WTC) အမြွှာမျှော်စင်ရဲ့ ပုံရိပ်ကို ထောင်နဲ့ချီတဲ့ ဒရုန်းတွေ အသုံးပြုပြီး ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။