ဩဂုတ်-၁၇ ၊၂၀၂၆။ဇော်ဝင်း/People’s Spring
၄ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ထံက သိမ်းရခဲ့တဲ့ လက်နက်တွေကို ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅)က ထုတ်ပြလိုက်ပါတယ်။
ဒီကနေ့(ဩဂုတ် ၁၇ ရက်)ဟာ ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅) ဖွဲ့စည်းတည်ထောင်တာ ၄ နှစ်ပြည့်မြောက်နေ့မှာ ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။
အခုလို ခရီးရှည်တလျှောက် ရရှိလာခဲ့တဲ့ အောင်မြင်မှုတိုင်းက တပ်ရင်းအတွင်းက ရဲဘော်တစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှုနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်မှုတွေရဲ့ ရလဒ်နဲ့ ပြည်နယ်အတွင်းကတခြား တပ်ပေါင်းစုတွေရဲ့ ကြိုးစားအားထုတ်မှုလည်းပါဝင်တယ်လို့ KA က အသိပေးပါတယ်။

Public Service Announcement
ဒါ့အပြင် အခက်အခဲများစွာကိုအတူတကွ ရင်ဆိုင်ကျော်ဖြတ်ပြီး ဒီကနေ့အချိန်အထိ ရပ်တည်လာနိုင်ခဲ့တာအတွက် တပ်တွင်းက ရဲဘော်အားလုံးကို လေးစားဂုဏ်ပြုတယ်လို့ ဖော်ပြပါတယ်။
တာဝန်ထမ်းဆောင်ရင်း ရရှိလာခဲ့တဲ့ လက်နက်ပစ္စည်းတွေကိုလည်း အကျိုးအမြတ်အတွက် ရောင်းချခြင်းမပြုဘဲ စနစ်တကျ ထိန်းသိမ်းထားရှိပြီး အသုံးပြုနိုင်သေးတဲ့ ပစ္စည်းတွေ လိုအပ်သလို ပြန်လည်အသုံးချနိုင်ဖို့ ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကရင်နီတပ်မတော်ရဲ့ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်နေ့မှာ တပ်ရင်း(၅)က ဒီကနေ့အထိ ရပ်တည်နိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ရဲဘော်အားလုံး အားထုတ်မှုတွေကိုအသိအမှတ်ပြု ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။
” ရှေ့ဆက်ရမယ့် ခရီးလမ်းမှာလည်း အချင်းချင်း စည်းလုံးညီညွတ်စွာနဲ့ မိမိတို့ တာဝန်တွေ
ကို ဆက်လက်ထမ်းဆောင်နိုင်ကြပါစေ”လို့ ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅) ကတာဝန်ရှိသူက ပြောပါတယ်။
တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးခဲ့တဲ့အာဇာနည်သူရဲကောင်းတွေရဲ့သတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ မဆုတ်မနစ်တဲ့ စိတ်ဓာတ်တွေကို အစဉ်အမြဲ ဂုဏ်ပြုအောက်မေ့ကြောင်း အသိပေးပါတယ်။
ဒါ့အပြင် တပ်ရင်း (၅)ဟာ ဒီကနေ့အချိန်အထိ ရပ်တည်နိုင်ပြီး တာဝန်တွေ ဆက်လက်ထမ်းဆောင်နိုင်ဖို့ ပါဝင်ကူညီပံ့ပိုးပေးခဲ့တဲ့ ပြည်သူတစ်ဦးချင်းစီကိုလည်း လေးစားစွာနဲ့ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


















































