Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့တိုက်ပွဲ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်၊ နှစ်ဖက် ထိခိုက်မှုရှိ

စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

(စစ်ကိုင်းမြို့ အနီးဝန်းကျင်ကို ​မြေပုံမှာ​တွေ့ရစဥ်)

ဩဂုတ်-၁၉၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

မနေ့က(ဩဂုတ် ၁၈ ရက် )ညပိုင်းကစပြီး စစ်တပ်က ငါးထပ်ကြီးဘုရားတောင်ဘက် ဂုံညင်းတောင်ကျေးရွာကို စစ်ကြောင်းထိုး၀င်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် သြဂုတ် ၁၉ ရက်မနက်ပိုင်းကစပြီး စစ်ကိုင်းမြို့တွင်းက ငါးထပ်ကြီးဘုရားအနီးမှာစစ်ကိုင်း PDF ဦးဆောင်တဲ့တော်လှန်ရေးပူး ပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တစ်ယောက် ကျတယ်။သူတို့လည်း ရှေ့ဆက်မတိုးရဲဘူး။မိုင်းမိသွားတယ်။ သူတို့လည်း(ထိခိုက်သေဆုံးသူ) ရှိတော့ရှိမယ်”လို့ စစ်ကိုင်းPDF တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကိုင်းမြို့ပေါ် ငါးထပ်ကြီးဘုရားမြောက်ဘက်၊ ဘုရားဖြူမှာ အထိုင်ချထားတဲ့အာဏာသိမ်းစစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာရှိတယ်လို့ သိရပါတယ်။

“အဲဒီဘက်(ဂုံညင်းတောင်ရွာ)က ခဏခဏ တိုက်ပွဲဖြစ်တယ်။ဒေသခံတွေက နဂိုကတည်းက စစ်ရှောင်နေကြရတာ”လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဟာ စစ်တပ်ရဲ့ တပ်မ (၃၃)၊အုန်း‌တော-တကရ(၆၀၀၅) အမြောက်တပ်တို့နဲ့လည်း အလှမ်းမဝေးဘူးလို့ သိရပါတယ်။အဲဒီနေရာကိုတော်လှန်ရေးတပ်တွေတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ တပ်မ (၃၃) အထိုင်မြို့ဖြစ်သလို ၊တပ်မ (၃၃)လက်အောက်ခံ တပ်ရင်းတွေဟာ ဇူလိုင်လမှာ စစ်ကိုင်းတိုင်းကပြန်လာပြီး ပြန်စုဖွဲ့ကာ ဒီကနေ့ မနက်မှာပဲ တပ်ဖွဲ့အချို့ဟာ သပိတ်ကျင်းမြို့နယ် ၊တွင်းငယ်ကျေးရွာဘက်ကို ကားအစီး ၃၀ ခန့်နဲ့ ထွက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ စက်တင်ဘာအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ စစ်ကိုင်းမြို့က ရဲလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ် ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းရ

Trending

Facebook