Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်တိုက်ပွဲ KIAပူးပေါင်းတပ် ထိုးစစ်ကြောင့် စစ်တပ်စစ်ကြောင်း မြို့အနီးထိ ဆုတ်ခွာရ

တန်ပြန်ထိုးစစ် တစ်ပတ်အတွင်း လက်နက် ၄၀ နဲ့ သုံ့ပန်း တွေရ

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N)

နိုဝင်ဘာ ၈၊၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စစ်တပ် စစ်ကြောင်းတွေကို တပ်လန်အောင်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်တပ်ဟာ မြို့အနီးထိ ဆုတ်ခွာသွားရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ မိုးမိတ်-မြစ်ဆုံ-မဘိမ်း လမ်းကြောင်းထိန်းချုပ်နိုင်ဖို့ မိုးမိတ်မြို့ကို စစ်အင်အား တစ်ထောင်ခန့် ဖြည့်တင်းကာ အောက်တိုဘာလဆန်းက စတင်ထိုးစစ်ဆင်ခဲ့ရာ တစ်လခန့်အကြာမှာ မြို့နဲ့ ၁၀မိုင်အကွာအထိ စစ်ကြောင်းတွေ ဝင်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ KIA ပူးပေါင်းတပ်ရဲ့ တန်ပြန်ထိုးစစ် တစ်ပတ်ခန့်အကြာ နိုဝင်ဘာ ၈ရက်မှာတော့ စစ်တပ်စစ်ကြောင်းတွေဟာ မြို့အနီး ၃မိုင်အထိ ဆုတ်ခွာနေရကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆုတ်ခွာနေတဲ့ စစ်တပ်စစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်လျက်ရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အခုထိ တန်ပြန်စစ်ဆင်ရာမှာ လက်နက် ၄၀ လက်နဲ့ သုံ့ပန်းတွေရပါတယ်။ စကစဟာ ဆုတ်ရင်းနဲ့ မိုးမိတ်မြို့ထဲ ရောက်သွားရမှာပါ။ တန်ပြန် စစ်ဆင်တာ တပတ်အတွင်းမှာပါ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က နိုဝင်ဘာ ၈ရက် ညပိုင်းမှာ ပြောပါတယ်။

မိုးမိတ်ဒေသ ထိုးစစ်ကို စစ်တပ်လက်အောက်ခံ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁) လက်အောက်ခံ တပ်ရင်း ၃ခုပါအဖွဲ့က ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်း ပြန်ပွင့်စေဖို့ ကြိုးပမ်းရာ မအောင်မြင်ဘဲ တပ်ဆုတ်ခဲ့ကြရတာလည်း ဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်အနေနဲ့ တန်ပြန်ထိုးစစ် မစတင်မီ စစ်တပ်စစ်ကြောင်းတွေ ခုခံတိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာ၊ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ရာ စစ်တပ် စစ်ကြောင်းပျက် အထိနာတာ၊ စစ်သုံ့ပန်းတွေဖမ်းရတာ၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိတာတွေလည်း ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။ မိုးမိတ်မြို့တိုက်ပွဲမှာ စစ်တပ်က အရာရှိအဆင့်တွေပါ သေဆုံးထိခိုက်တာတွေရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။