Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစိုးရ သိမ်းယူမှာစိုးလို့ ရုရှားပြည်သူတွေက ဘဏ်စုငွေတွေ ပြန်ထုတ်ယူနေကြ

ရုရှားနိုင်ငံမှာ လူထုက စိုးရိမ်စိတ်အပေါ် အခြေခံပြီး ဘဏ်အပ်ငွေတွေကို ထုတ်ယူနေခြင်းက ဘဏ်လုပ်ငန်းဆိုင်ရာ အကျပ်အတည်းကြီးတစ်ခု ဖြစ်လာနေပါတယ်။

ဓာတ်ပုံ - Getty Images

ရုရှားနိုင်ငံမှာ လူထုက စိုးရိမ်စိတ်အပေါ် အခြေခံပြီး ဘဏ်အပ်ငွေတွေကို ထုတ်ယူနေခြင်းက ဘဏ်လုပ်ငန်းဆိုင်ရာ အကျပ်အတည်းကြီးတစ်ခု ဖြစ်လာနေပါတယ်။

ရုရှားအစိုးရဟာ ယူကရိန်း စစ်ပွဲအတွက် စစ်သုံးစရိတ်အဖြစ် ပြည်သူတွေရဲ့ ဘဏ်စုငွေတွေကို သိမ်းယူဖွယ် ရှိနေကြောင်း ကောလာဟလတွေ ထွက်ပေါ်လာတဲ့နောက် လူတွေက ဘဏ်တွေမှာ ငွေသားပြန်ထုတ်ယူနေကြတာပါ။

အခုနှစ် ပထမ ၇ လအတွင်း ရုရှားပြည်သူတွေဟာ ဘဏ်အပ်ငွေထဲက ယူရို ၂၄.၄ ဘီလီယံလောက်ကို ငွေသားပြန်ထုတ်ယူသွားကြောင်း သိရပါတယ်။

ယူကရိန်းက ရုရှားရဲ့ ရေနံချက်စက်ရုံတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ပိုမို ပစ်မှတ်ထား တိုက်ခိုက်ပြီး ရုရှားစီးပွားရေး ထိခိုက်လာတာ၊ အစိုးရက ပုဂ္ဂလိက ဘဏ်အပ်ငွေတွေကို စစ်ရေးလိုအပ်ချက်အတွက် ထိန်းချုပ်တာ၊ သိမ်းယူတာမျိုး ဖြစ်လာမှာကို စိုးရိမ်တာတွေက အခုလိုမျိုး ဘဏ်အပ်ငွေတွေ ထုတ်ယူနေကြတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဘဏ်လုပ်ငန်း နယ်ပယ်ကို စောင့်ကြည့် လေ့လာသူတွေကတော့ ဘဏ်အပ်ငွေတွေ ထုတ်ယူမှုဟာ မတ်လဆန်းလောက်မှာ စတင်လာပြီး ဆက်တိုက် အရှိန်မြင့်လာနေတယ်လို့ ပြောပါတယ်။ အခုဆိုရင် ပျမ်းမျှ တစ်လကို ရူဘယ်ငွေ ၃၀၀ ဘီလီယံ၊ တစ်နည်းအားဖြင့် ယူရို ၃.၀၅ ဘီလီယံလောက် လစဉ် ရုရှားဘဏ်တွေက ငွေသားပြန်ထုတ်ပေးနေရပါတယ်။

ရုရှားရဲ့ အကြီးဆုံး ဘဏ်လုပ်ငန်း ၇ ခုထဲက ၅ ခုဟာ ပုဂ္ဂလိက စုငွေအပ်နှံမှုထက် ငွေပြန်ထုတ်မှုက ပိုများတဲ့ အခြေအနေကို ကြုံတွေ့နေရပါတယ်။ အဲဒီထဲမှာမှ ဂက်ဇ်ပရွမ်ဘဏ်ရဲ့ အခြေအနေက အဆိုးဆုံးဖြစ်ပြီး ၄ လအတွင်း ယူရို ၃.၀၄ ဘီလီယံ ထုတ်ယူသွားမှုမျိုး ကြုံခဲ့ရပါတယ်။ အဲဒါဟာ ဘဏ်ရဲ့ စုစုပေါင်း အပ်နှံငွေရဲ့ ၁၀.၈ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပမာဏ ဖြစ်ပါတယ်။

ဇူလိုင် တစ်လတည်းမှာတင် ရုရှားဘဏ်တွေကနေ ပြန်လည်ထုတ်ယူသွားတဲ့ ငွေပမာဏဟာ ရူဘယ် ၆၄၃.၄ ဘီလီယံ၊ တစ်နည်းအားဖြင့် ယူရို ၆.၅၃ ဘီလီယံလောက် ရှိခဲ့ပါတယ်။

ရုရှား အစိုးရ ရှေ့နေတွေဟာ ယူရို ၄၄.၃ ဘီလီယံဖိုးလောက် တန်ဖိုးရှိတဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို အစိုးရ ထိန်းချုပ်မှုအောက်ကို ပြီးခဲ့တဲ့နှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး အဲဒီကိစ္စက ပုဂ္ဂလိက ဘဏ်အပ်ငွေတွေ ထိန်းချုပ် သိမ်းယူခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို မီးစာဖြည့်ပေးခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဇွန်လတုန်းကလည်း အာဏာပိုင်တွေဟာ စိုက်ပျိုးရေး ဦးပိုင် လုပ်ငန်းစု ရူဆာဂရိုရဲ့ ပိုင်ရှင် ဘီလီယံနာ သူဌေးကြီး ဗာဒင်းမ် မော့ရှ်ကိုဗစ်နဲ့ ဆက်နွှယ်တဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု ယူရို ၆.၅ ဘီလီယံဖိုးလောက်ကို သိမ်းဆည်းခဲ့ပါတယ်။

ရုရှား ပုဂ္ဂလိက ဘဏ်တွေဟာ အစိုးရရဲ့ ညွှန်ကြားချက်အရ ပြည်တွင်းက ကာကွယ်ရေး နည်းပညာ စက်မှုလုပ်ငန်းတွေဆီ ငွေကြေးတွေ ထုတ်ချေးထားရကြောင်းလည်း သိရပါတယ်။

လတ်တလောမှာတော့ ရုရှားရဲ့ ကုမ္ပဏီကြီး တချို့ဟာလည်း ငွေကြေးပိုင်ဆိုင်မှု တချို့တဝက်ကို ပြည်တွင်းက အာဏာပိုင်တွေက လက်လှမ်းမမီလောက်တဲ့ နေရာတွေဆီက ရွှေ့ပြောင်းမှုတွေ ရှိနေပါတယ်။ ၂၀၂၆ ဒုတိယ သုံးလပတ်အတွင်း ရုရှားဘဏ်လုပ်ငန်း စနစ်ထဲက ယူရို ၆.၃ ဘီလီယံကျော်ဟာလည်း တခြားနေရာတွေဆီ လွှဲပြောင်းရောက်ရှိသွားကြောင်း ဗဟိုဘဏ်ရဲ့ အချက်အလက် ကိန်းဂဏန်းတွေအရ သိရပါတယ်။

ကိုးကား: Euronews

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဆီက ခြိမ်းခြောက်သတိပေးမှုတွေ ရှိနေပေမယ့် ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် ထောက်ပံ့ ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းအတွက် ဒရုန်းတွေ ထောက်ပံ့ပေးနေတာနဲ့ ပတ်သက်ပြီး ဗြိတိန်ကို ရုရှားက သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ်အတွင်း အကြီးမားဆုံး စစ်ရေး တိုက်ခိုက်မှု တစ်ခုကို ယူကရိန်းက လုပ်ဆောင်ခဲ့ကြောင်း ရုရှား အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ ကျွန်းတန်းတွေဆီကို ရုရှား သမ္မတ ဗလာဒီမာ ပူတင် အလည်အပတ် သွားရောက်ခဲ့တဲ့အပေါ် ဂျပန် အစိုးရက ကန့်ကွက်ခဲ့ပါတယ်။