Connect with us

Hi, what are you looking for?

သတင်း

အမေကြီး – ဖြေးဖြေးစား နော

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

ရွှေပြည်စိုး/People’s Spring

“အမေကြီး – ဖြေးဖြေးစား နော”

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာက ကနီမြို့နယ်ဝင်လာတဲ့ စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ‌ ဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးကြပေမယ့် စစ်တပ်စစ်ကြောင်းရန် ရှောင်ရင်း ရွာအတွင်း ပိတ်မိသူအချို့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွာထဲမှာပိတ်မိနေသူ တွေကိုကယ်ထုတ်ရင်း လဲကျနေတဲ့ အဘွားအိုတစ်ဦးကို PDF ရဲဘော်တွေက တွေ့ခဲ့ကြပါတယ်။

PDF ရဲဘော်လူငယ်တွေဟာ အဖွားအိုကို ပွေ့ထူထားပြီး ရေတိုက်သူက တိုက်၊ မုန့်ကြွေးသူက ကြွေးနေကြပြီး စစ်ကြောင်းသတင်းကိုလည်းနားစွင့်နေကြပါတယ်။ ရဲဘော်တစ်ဦးက ရေတိုက်ဖို့ပြင်ဆင်နေချိန် နောက်တစ်ဦးက မုန့်လေးနည်းနည်းစားပါဦးလို့ပြောပြီး မုန့်ကြွပ်တွေကို ချေပေးနေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလို့ အညာလေသံနဲ့ PDF ရဲဘော်တဦးက “အမေကြီး – ဖြေးဖြေးစား နော”လို့ ပြောပြီး အားပေးပါတယ်။

ဒါ့အပြင် အဲဒီအဖွားအိုကို ဘေးလွတ်ရာပို့ဆောင်ခဲ့ကြောင်း ယင်းမာပင်ခရိုင်အမှတ်(၁၇)တပ်ရင်းက ရဲဘော်တစ်ဦးက လူမှုကွန်ရက်မှာမျှဝေထားပါတယ်။ ယခုရက်ပိုင်းမှာ စစ်တပ်လက်အောက်ခံအဖွဲ့က အမျိုးသမီးကြီးတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဟာ လူမှုကွန်ရက်မှာပျံ့နှံလာပြီးတဲ့နောက်ပိုင်း အဘွားအိုကို PDF ရဲဘော်လူငယ်တွေကယ်ထုတ်ခဲ့တဲ့ဖြစ်စဉ်ကို ပြည်သူတွေက ချီးကျူးနေကြပါတယ်။

ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ မတ်လမှာမြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ ၁၁ရက်ကြာတိုက်ပွဲအတွင်း မြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်က လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ကနီမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က ၄၇ ဦး သေဆုံးပြီး ရုပ် အလောင်း ၁၁ လောင်း ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော် ၁၁ဦးလည်း ကျဆုံးခဲ့ပါတယ်။

လက်ရှိမှာ မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး ကျန်တဲ့နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။ကနီမြို့ဟာ အိန္ဒိယနိုင်ငံအထိ လမ်းပေါက်တဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းမှာပါဝင်ပါတယ်။

နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းတွေက ကနီမြို့နယ်ကိုလည်း ဝင်ရောက်လာလို့ စစ်ရေးတင်းမာနေသလို ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ ကလေးငယ်နဲ့သက်ကြီးရွယ်အိုတွေကိုပါ သတ်ဖြတ်မှုကျူးလွန်နေလို့ ကြိုတင်တိမ်းရှောင်ကြဖို့နဲ့ လုံခြုံရေးအထူးသတိပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

စစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေကို စစ်ကိုင်းတိုင်းမှာအများဆုံးကျူးလွန်ထားတယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရနဲ့ လူအခွင့်အရေးလှုပ်ရှားတဲ့အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာဟင်းချိုမှုန့်တွေကိုကားနဲ့ မှောင်ခိုသယ်တယ်ဆိုပြီး စစ်ရှောင်ဘုန်းကြီးတစ်ပါးကို ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တ​ပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့ အနီးမှာ တိုက်ပွဲ‌တွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့ပေးခဲ့တယ်လို့ မော်ဒယ် လုလု‌အောင်က အသိပေးထားပါတယ်။