အောက်တိုဘာ ၂၂၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံတဲ့လှုပ်ရှားမှုကို ဒီကနေ့ (အောက်တို့ဘာ ၂၂) မှာ ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက “Our Ambassador. Our Voice. Our Representative”၊ “ငါတို့သံအမတ် ငါတို့အသံ” ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်စိုက်ထူပြီး ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။
ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်း၊ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ကနီမြို့နယ် သပိတ်အင်အားစုမှ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။




















































