Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာ စစ်တပ်က ကျေးရွာတွေ မီးရှို့ပြီး တန်ဖိုးကြီးပစ္စည်းတွေ သိမ်းယူ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

(ကျောက်တန်းကျေးရွာမှာ စစ်တပ် ရှို့တဲ့မီးငြှိမ်းသတ်နေတဲ့ ဒေသခံ တစ်ဦး။ ဓာတ်ပုံံ-ဒေသခံ)

သြဂုတ် ၂၀၊ ၂၀၂၆။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

​ကျောက်ပန်းတောင်းနဲ့ တောင်သာမြို့နယ်ဘက်ကတဆင့် သြဂုတ် ၁၇ ရက် မနက်ပိုင်းမှာ မလှိုင်မြို့နယ်အတွင်း စတင်ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဖိုးကြွယ်၊ တောင်ရိုးတဲ၊ လယ်ဗျား၊ ရေပေါ်၊ မိတ်ကုန်း၊ ကျောက်တန်း၊ မုံပင် စတဲ့ ကျေးရွာတွေကို ဝင်ရောက် မီးရှို့တာတွေ၊ တန်ဖိုးကြီးပစ္စည်း အဓမ္မသိမ်းယူတာတွေ ပြုလုပ်ခဲ့ကြောင်း လူထုသတင်းကွန်ရက်-မလှိူင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် တောင်ရိုးတဲရွာနဲ့ လယ်ဗျားရွာက နေအိမ် ၆ လုံး၊ မိတ်ကုန်းရွာက နေအိမ် ၇ လုံး၊ ​ကျောက်တန်းရွာလမ်းတလျှောက် တောထဲက တဲအိမ် ၄ လုံး၊ ကျောက်တန်းရွာက နေအိမ် ၁၅ လုံးခန့်၊ မုံပင်ရွာက နေအိမ် ၂ လုံး စုစုပေါင်း ၃၄ လုံးခန့် ပျက်စီးခဲ့ကြောင်း ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျောက်တန်းရွာ အလယ်ကျောင်းဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ဖိုးကြွယ်၊ တောင်ရိုးတဲ၊ လယ်ဗျား၊ ကျောက်တန်း ရွာတွေမှာတော့ စစ်တပ်က သေနတ်ပြခြိမ်းခြောက်ပြီး ပြည်သူတွေဆီက ရွှေ၊ ငွေ၊ ဆိုင်ကယ်၊ ဖုန်းတွေနဲ့ ဖောကားတစ်စီး သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်တွေမီးရှို့ရုံတင်မကဘူး။ အိမ်ကြီး၊အိမ်ကောင်းတွေဆို အတွင်းသော့ရိုက်ချိုးပြီး ရှိသမျှ နှမ်း၊ဆန်၊ဟင်းချက်စရာ၊အဝတ်စား၊အိုးခွက်ပန်းကန်ကအစယူသွားပြီး အိမ်ထဲရှိသမျှအကုန် ဖျက်ဆီးတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မလှိုင်မြို့ပေါ်မှာပါ ပြည်သူတွေဆီကနေ ဆိုင်ကယ်နဲ့ ဖုန်းတွေသိမ်းယူနေလို့ ပြည်သူတွေ စိုးရိမ်ပြီး မြို့မစျေးကြီးကို ညနေ ၄ နာရီမှာ အရေးပေါ် ပိတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ကျောက်ပန်းတောင်းနဲ့ တောင်သာနယ်မှာလည်း ယခုလိုပဲ တန်ဖိုးကြီးပစ္စည်းတွေ သိမ်းယူတာ၊ ရွာတွေကို မီးရှို့တာတွေ ပြုလုပ်ခဲ့ကြောင်း၊ ဒီကနေ့ ငြဂုတ် ၂၀ ရက် မနက်မှာတော့ ၁၂ဘီးကားကြီး ပါ မော်တော်ယာဥ် ၁၂စီးနဲ့ မိတ္ထိလာမြို့ ဘက်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook