Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ Double-tap ဒရုန်းတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ၁၅ ဦးထက်မနည်း သေဆုံး

စျေးဝယ်စင်တာ တစ်ခုကို ရုရှားရဲ့ Double-tap ဒရုန်း တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - State Emergency Service of Ukraine

စျေးဝယ်စင်တာ တစ်ခုကို ရုရှားရဲ့ Double-tap ဒရုန်း တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့က ရုရှားဟာ ယူကရိန်းနိုင်ငံ အလယ်ပိုင်းက စျေးဝယ်စင်တာ တစ်ခုကို နှစ်ဆင့် တိုက်ခိုက်ခဲ့တာလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ကနဦး တိုက်ခိုက်မှု တစ်ခုကြောင့် ထိခိုက်ဒဏ်ရာရသွားသူတွေကို ကူညီဖို့ ကယ်ဆယ်ရေး အဖွဲ့တွေ စုဝေးနေချိန် တူညီတဲ့ နေရာကိုပဲ နောက်တစ်ကြိမ် ပစ်မှတ်ထားတာမျိုးကို double-tap တိုက်ခိုက်မှုလို့ သုံးနှုန်းကြပါတယ်။

ပထမတစ်ကြိမ်မှာ ဒရုန်းတွေဟာ အုပ်စုဖွဲ့ ပျံသန်းလာပြီး ပစ်မှတ်ကို ထိမှန် ပေါက်ကွဲစေခဲ့ကြောင်း၊ အဲဒီ တိုက်ခိုက်မှုအတွင်း မီးလောင်မှုတွေလည်း ဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်ရှိနေချိန်၊ ပထမတိုက်ခိုက်မှုအပြီး နာရီဝက်လောက် အကြာမှာ ဒရုန်းတွေ ဒုတိယအကြိမ် ထိမှန်ခဲ့ပြန်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက Telegramမှာ ရေးသားထားပါတယ်။

သူက အဲဒီလုပ်ရပ်အတွက် ရုရှားအပေါ် ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။ သတင်းဌာနတွေကတော့ ဇီလန်စကီးရဲ့ ဇာတိမြို့ဖြစ်တဲ့ ခရာဗီရားဟ်က စျေးဝယ်စင်တာ တစ်ခုကို ဒရုန်းတစ်စီး ထိမှန်သွားတဲ့ ဗီဒီယိုတွေကို ထုတ်လွှင့် ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဒရုန်း ထိမှန်ချိန် ပေါက်ကွဲမှုကြီး ဖြစ်သွားသလို အစောပိုင်း တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းထားတဲ့ မီးခိုးငွေ့တွေကိုလည်း ဗီဒီယိုထဲမှာ တွေ့နေခဲ့ရပါတယ်။

စျေးဝယ်စင်တာကို ရုရှားရဲ့ နှစ်ဆင့် တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၃၀ လောက် ဒဏ်ရာတွေ ရခဲ့ပြီး ၃၀ လောက်ရဲ့ ဒဏ်ရာ အခြေအနေတွေက ပြင်းထန်တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ယူကရိန်း မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ double-tap တိုက်ခိုက်မှု အပြီးမှာလည်း ဒဏ်ရာရသူတွေကို ဆက်လက်ရှာဖွေ ကယ်ထုတ်နေခဲ့ပြီး အပျက်အစီးတွေအောက် ပိတ်မိ ပျောက်ဆုံးနေသူတွေလည်း ရှိနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အီရန်စစ်ပွဲကြောင့် အမေရိကန်က ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ထောက်ပံ့ပေးနိုင်စွမ်း လျော့ကျလာတာနဲ့အမျှ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး လက်နက်တွေ အသုံးပြုလို့ မရဘဲ ဖြစ်လာတာကို အခွင့်ကောင်းယူပြီး ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

ဇီလန်စကီးနဲ့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာကတော့ အဖိုးတန် လူ့အသက်တွေကို ကယ်ဆယ်နိုင်ဖို့အတွက် အနောက်မဟာမိတ် နိုင်ငံတွေ အနေနဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ပိုမို ထောက်ပံ့ပေးကြဖို့ အပူတပြင်း တိုက်တွန်းထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

ဆောင်းပါး

ထရမ့်ကို အခွန်(tariff) တိုးကောက်ခွင့် အာဏာအသစ်တွေ ပေးတာဟာ ယူကရိန်းကို ကူညီရာ မရောက်ပါ။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်းမှာ ရုရှား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တဲ့ အဓိက စီးပွားရေးဇုန် စီမံကိန်း နေရာကို အပြည့်အဝ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းမြန်မာစစ်တပ်က အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားရာ ကျွန်းစုတွေနားမှာ ဒုံးကျည် စမ်းသပ်ခဲ့တဲ့ လုပ်ရပ်ကို ဂျပန်က တရားဝင် ကန့်ကွက်ခဲ့ပါတယ်။