Connect with us

Hi, what are you looking for?

သတင်း

RCSS နဲ့ စစ်တပ် မိုင်း‌‌ပျဉ်းမှာတိုက်ပွဲစဖြစ် စစ်​သား ၆ဦး​သေဆုံး

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြားဒီကနေ့ (ဩဂုတ် ၂၂)နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။

(RCSS/SSA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-Tai Freedom)

ဩဂုတ်-၂၂၊၂၀၂၆။​ဇော်ရမ်း၊ထားမြတ်/People’s Spring

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြားဒီကနေ့ (ဩဂုတ် ၂၂)နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး သန်းနိုင်စိုး ဦးစီးတဲ့ ခမရ(၃၁၄) နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်က တောနင်းလာလို့ RCSSနဲ့ တိုးပြီး တိုက်ပွဲ ဖြစ်တာလို့ RCSS ရဲ့ ရှမ်းဘာသာ သတင်းထုတ်ပြန်ချက်ကို ရှမ်းသတင်းရင်းမြစ်တဦးက ဘာသာပြန်ရှင်းပြပေးပါတယ်။

တိုက်ပွဲ ဟာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဘက်က ၆ယောက် သေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ပြန်ဆုတ်သွားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ နှစ်ဖက်ကျဆုံးမှုရှိတယ်လို့ ရေးသားချက်တွေရှိကြောင်းလည်း သတင်းရင်းမြစ်က ပြောပြပါတယ်။

“စကစတပ်တွေကျားဖြန့် နှိမ်နင်းရေး အကြောင်းပြပြီးခြေသွက်နေတယ်။ ရလခ(ခိုလမ်) ဒုတိုင်းမှူးကခပ်ထန်ထန်လို့ ကြားသိရတော့ သူ့တပ်တွေကို ဆက်ပြီး လှုပ်ရှားခိုင်းဖို့ များတယ်” လို့ လေ့လာသူ တဦးက စစ်ကောင်စီနဲ့ RCSS တိုက်ပွဲ စတင်ဖြစ်ပွားမှု အခြေအနေပေါ် ပြောပြပါတယ်။ ဒုတိုင်းမှူးဟာ ရောက်စဖြစ်လို့ ခွင်(ဂွင်)ရှာတဲ့ သဘောလို့လည်း ယူဆနိုင်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ တိုက်ပွဲကြီးကြီးမားမား ဖြစ်လာမယ်လို့ မမြင်ဘဲ နာမည်ရရုံ လှုပ်ရှားထိတွေ့တာလောက်သာ ဆက်ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“ကျားဖြန့်ကိစ္စတွေလည်းပါတယ်။ နှစ်ဖွဲ့စလုံးကကျားဖြန့်နဲ့မကင်းဘူး။ အခုက စစ်တပ်ဘက်ကအရင်ဝင်ဖမ်းတာကနေ ဖြစ်တာ”လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

RCSSဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းတဲ့ အထိ စစ်တပ်နဲ့ RCSS အကြား ပြဿနာဖြစ်ပွားမှု နည်းပါးပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖက်မှာ ခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာကာ ဆုတ်ခွာသွားပေမယ့် စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့Tai Freedomရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်ဩဂုတ်လမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်မှာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့ပါတယ်။ ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီဝါဒဖြန့်ချီ ရေးလူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်အတွင်း မိုးကောင်းနဲ့ မိုးညှင်းမြို့နယ်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဂွမြို့နယ်က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၈ဦးထက်မနည်း ဒဏ်ရာရ

သတင်း

‎‎မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ‎ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။