Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စိတ်ဖိစီးနေတဲ့ ရေတပ်သားတွေ အပန်းဖြေဖို့ ထိုင်းမှာ ဆိုက်ကပ်မယ့် အမေရိကန် လေယာဉ်တင်သင်္ဘော

ပင်လယ်ပြင်မှာ ရက်ပေါင်းများစွာ တာဝန်ထမ်းဆောင်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို အပန်းဖြေခွင့်ပေးဖို့ ထိုင်းနိုင်ငံမှာ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဆိုက်ကပ်မယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images

ပင်လယ်ပြင်မှာ ရက်ပေါင်းများစွာ တာဝန်ထမ်းဆောင်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို အပန်းဖြေခွင့်ပေးဖို့ ထိုင်းနိုင်ငံမှာ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဆိုက်ကပ်မယ်လို့ သိရပါတယ်။

USS Abraham Lincolnဟာ ရေယာဉ် အမှုထမ်းတွေ ကာလရှည်ကြာ တာဝန်ထမ်းဆောင်ရလို့ စိတ်ဖိစီးမှုတွေ ကြုံနေပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ထိ ကြံစည်နေတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့ လေယာဉ်တင် သင်္ဘောကြီး ဖြစ်ပါတယ်။

အဲဒီ ရေယာဉ်ကြီးဟာ အမေရိကန် ဆိပ်ကမ်းကနေ ခွာလာတာ ရက် ၂၅၀ လောက် ရှိလာပြီဖြစ်ပြီး လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀၀ ကျော်လောက်အတွင်း လုံးဝ ကမ်းကပ်ရပ်နားမှု မရှိဘဲ အရှေ့အလယ်ပိုင်း ဒေသ ရေပြင်မှာ တပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာရှိတဲ့ ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင်တွေမှာ စိတ်ပိုင်းရုပ်ပိုင်း အရမ်းနွမ်းနယ်နေတာ၊ လတ်ဆတ်တဲ့ စားနပ်ရိက္ခာတွေ လျော့ပါးလာတာ၊ အိမ်သာတွေ ပျက်နေတာတွေအကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးတဲ့ အခါမှာတော့ အမေရိကန် ရေတပ်ဟာ Lincolnကို အရှေ့အလယ်ပိုင်း ဒေသကနေ ပြန်ခေါ်ပြီး တခြားလေယာဉ်တင် သင်္ဘောတစ်စီးနဲ့ အစားထိုးစေခဲ့ပါတယ်။ အခုတော့ လေယာဉ်နဲ့ ရဟတ်ယာဉ် အစီး ၉၀ လောက် တင်ဆောင်နိုင်တဲ့ ဧရာမ သင်္ဘောကြီးဟာ အရှေ့တောင်အာရှ ရေပြင်ဆီကို ဦးတည် ခုတ်မောင်းနေပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Lincolnဟာ မနှစ်က နိုဝင်ဘာ ၂၁ ရက်နေ့က အမေရိကန်ကနေ ထွက်ခွာလာပြီး ၆ လကြာ စစ်ဆင်ရေး တာဝန်ယူရမယ်လို့ ကြိုတင် ခန့်မှန်းထားခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေတွေက ရှုပ်ထွေးသွားပြီး သတ်မှတ်ထားတဲ့ အချိန်ထက် ရက်တွေ ပိုကြာအောင် ပင်လယ်ပြင်မှာပဲ ရှိနေခဲ့ရတာ ဖြစ်ပါတယ်။

ဩဂုတ် ၂၅ ရက်နေ့မှာတော့ ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင် ၅၀၀၀ လောက်ရဲ့ မိသားစုတွေဆီ ရေတပ်က အကြောင်းကြားစာတွေ ပေးပို့ခဲ့ရာမှာ Lincolnဟာ စက်တင်ဘာ လဆန်းကျရင် ထိုင်းနိုင်ငံ အရှေ့ပိုင်းမှာ ရက်ပိုင်းလောက် ကမ်းကပ် ရပ်နားမယ့်အကြောင်း ဖော်ပြထားပါတယ်။

ကမ်းကပ်မယ့် ရက်စွဲကို တိတိကျကျ ဖော်ပြမထားပေမယ့် ထိုင်းနိုင်ငံ အရှေ့ပိုင်းက ဆိပ်ကမ်းတစ်ခုခုမှာ ဆိုက်ကပ်ဖြစ်လိမ့်မယ်လို့ စာထဲမှာ ရေးသားထားပါတယ်။ အဲဒီ ကမ်းကပ်မှုဟာ လေယာဉ်တင်သင်္ဘော အဖွဲ့သားတွေ စိတ်အပန်းပြေစေဖို့ ရည်ရွယ်ချက်နဲ့ စီစဉ်ထားတာလို့ ရေတပ်က ဆိုပါတယ်။

ထိုင်းရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကလည်း အသေးစိတ်ကို မှတ်ချက်မပေးခဲ့ပေမယ့် Lincolnရဲ့ ကမ်းကပ်မှုဟာ စစ်ဆင်ရေး၊ ဒါမှမဟုတ် စစ်ရေးလေ့ကျင့်မှု ရည်ရွယ်ချက် လုံးဝ မပါဘူးလို့ အတည်ပြုခဲ့ပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေ စိတ်လက် အပန်းပြေဖို့နဲ့ လိုအပ်တဲ့ ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ဖြည့်တင်းဖို့ပဲ ထိုင်းမှာ ခဏတာ ဆိုက်ကပ်မှာ ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

အမေရိကန် ရေတပ်ကတော့ စစ်ရေယာဉ်တွေရဲ့ လုံခြုံရေးကြောင့် ခရီးစဉ် အချက်အလက် အသေးစိတ်တွေကို ထုတ်ပြန်မှာ မဟုတ်ကြောင်း ဆိုပါတယ်။

ရေတပ် အမှုထမ်းသက် ၃၄ နှစ် ရှိပြီဖြစ်တဲ့ Lincolnဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ကုန်းပတ်ပေါ် အကြိမ်ပေါင်း ၂ သိန်းမြောက် လေယာဉ်ဆင်းသက်မှု မှတ်တမ်းကို ရရှိခဲ့ပါတယ်။

ထိုင်းဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ အမေရိကန်ရဲ့ တစ်ခုတည်းသော စာချုပ် မဟာမိတ် နိုင်ငံဖြစ်သလို နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။

ကိုးကား: USA Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ကျေးလက်ဂီတ လောကရဲ့ ဂန္ထဝင် တစ်ဦးအဖြစ် သတ်မှတ်ခံရသူ အဆိုတော်၊ တေးရေးဆရာမ ဒေါ်လီပါတန်ဟာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ စီးပွားရေး လုပ်ငန်းရှင် ပရဟိတ တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။

နိုင်ငံတကာ

သက်တမ်းတို ဗီဇာနဲ့ ဝင်ရောက်လာပြီးမှ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူ နိုင်ငံခြားသားတွေဆီက ဗီဇာ ရုပ်သိမ်းဖို့ အမေရိကန် အစိုးရက ပြင်ဆင်နေပါတယ်။

နိုင်ငံတကာ

အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲဟာ ကြိုတင် ထုတ်ပြန်မထားတဲ့ ခရီးစဉ်အဖြစ် ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ဆီ သွားရောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားထဲက ရေမြှုပ်မိုင်းအားလုံး အကုန်အစင် ရှင်းလင်းပြီးပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။