Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကြိုတင် မကြေညာဘဲ ရုရှားကို CIA အကြီးအကဲ သွားရောက်

အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲဟာ ကြိုတင် ထုတ်ပြန်မထားတဲ့ ခရီးစဉ်အဖြစ် ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ဆီ သွားရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲဟာ ကြိုတင် ထုတ်ပြန်မထားတဲ့ ခရီးစဉ်အဖြစ် ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ဆီ သွားရောက်ခဲ့ပါတယ်။

ဩဂုတ် ၂၅ ရက်နေ့က မော်စကိုမြို့ရဲ့ ဗီနူကိုဗို လေဆိပ်မှာ အမေရိကန် စစ်တပ်ရဲ့ C-17 သယ်ယူပို့ဆောင်ရေး ဆင်းသက်လာပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်ဆင်းပြီး သိပ်မကြာခင် မော်စကို မြို့ထဲမှာ သံတမန်ရေးဆိုင်ရာ ယာဉ်တန်းတစ်ခု မောင်းနှင်နေတာကိုလည်း ဒေသခံတွေက တွေ့ခဲ့ကြပါတယ်။

CIA အကြီးအကဲ ဂျွန်ရတ်ကလစ်ဖ်က မော်စကိုမှာ ဘာသွားလုပ်သလဲ ဆိုတာကိုတော့ အမေရိကန်ရော၊ ရုရှားကပါ မထုတ်ပြန်ခဲ့ပါဘူး။ သူဟာ ရုရှားဖက်က ဘယ်သူနဲ့ တွေ့ဆုံမလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

ရုရှားနဲ့ အမေရိကန်ကြားမှာ ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိနေပေမယ့် ထိပ်တန်း အရာရှိတွေ မျက်နှာစုံညီ တွေ့ဆုံတာမျိုးကတော့ ရှားပါးပါတယ်။

Public Service Announcement

Public Service Announcement

CIAနဲ့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်တွေက အခုခရီးစဉ် အကြောင်းကို တရားဝင် ဘာမှတ်ချက်မှ မပေးပေမယ့် အမေရိကန် စစ်ဘက် အရာရှိ တစ်ဦးကတော့ မော်စကိုဆီ အမေရိကန် ထိပ်တန်း အရာရှိ တစ်ဦး သွားရောက်ဖို့ ရှိတာကြောင့် တိုက်ခိုက်မှုတွေ အားလုံးကို အဲဒီ ခရီးစဉ် အတောအတွင်း ဆိုင်းငံ့ထားဖို့ ယူကရိန်းကို ကြိုတင် အကြောင်းကြားထားခဲ့ကြောင်း ပြောပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မော်စကို အပါအဝင် ရုရှားနိုင်ငံ အတွင်းပိုင်း ဒေသတွေကို တာဝေးပစ် ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေခဲ့ပါတယ်။

ရတ်ကလစ်ဖ်ရဲ့ ရုရှားခရီးစဉ်ဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေး၊ အီရန်စစ်ပွဲကိစ္စ၊ ဒါမှမဟုတ် ရုရှားနဲ့ အမေရိကန်ကြားက အကျဉ်းသားတွေ လဲလှယ်ရေး ကိစ္စတွေကြောင့် ဖြစ်နိုင်ကြောင်း ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အတိအကျတော့ မသိရပါဘူး။

ယူကရိန်းစစ်ပွဲ ရပ်စဲနိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ မနှစ်တုန်းက အလာစကာမှာ တွေ့ဆုံခဲ့ပေမယ့် ထူးခြားတဲ့ တိုးတက်မှုတွေ မရခဲ့ပါဘူး။ အဲဒီနောက် အခုနှစ်ဆန်းပိုင်းမှာ အီရန်စစ်ပွဲ စတင်ခဲ့ရာကနေ ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေး အမေရိကန် ဦးဆောင်တဲ့ ကြားဝင်ညှိနှိုင်းမှုတွေလည်း ရပ်တန့်နေခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ကျေးလက်ဂီတ လောကရဲ့ ဂန္ထဝင် တစ်ဦးအဖြစ် သတ်မှတ်ခံရသူ အဆိုတော်၊ တေးရေးဆရာမ ဒေါ်လီပါတန်ဟာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ စီးပွားရေး လုပ်ငန်းရှင် ပရဟိတ တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။

နိုင်ငံတကာ

သက်တမ်းတို ဗီဇာနဲ့ ဝင်ရောက်လာပြီးမှ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူ နိုင်ငံခြားသားတွေဆီက ဗီဇာ ရုပ်သိမ်းဖို့ အမေရိကန် အစိုးရက ပြင်ဆင်နေပါတယ်။

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ရက်ပေါင်းများစွာ တာဝန်ထမ်းဆောင်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို အပန်းဖြေခွင့်ပေးဖို့ ထိုင်းနိုင်ငံမှာ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဆိုက်ကပ်မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားထဲက ရေမြှုပ်မိုင်းအားလုံး အကုန်အစင် ရှင်းလင်းပြီးပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။